Daiozu Memorial Foundation မှ ၂၀၂၄ ခုနှစ်အတွက်ပေးအပ်မည့် ပညာသင်ဆုကို မတ် ၁ ရက်မှစ၍ လျှောက်ထားနိုင်

 

ရန်ကုန်  မတ်  ၁


Daiozu Memorial Foundation မှ ၂၀၂၄ ခုနှစ် အတွက်  ပေးအပ်မည့်ပညာသင်ဆုကို   မတ် ၁ရက်မှစ၍ လျှောက်ထားနိုင်ကြောင်း  ဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပေးထား သည့်အချက်အလက်များအရ သိရသည်။


ထိုသို့ လျှောက်ထားနိုင်ကြောင်း မြန်မာ သံရုံးကို အသိပေးလာခြင်းဖြစ်ကာ ဂျပန်နိုင်ငံ ၏ Tokyo၊ Chiba၊ Saitama၊ Kanagawa၊ Ibaraki၊ Tochigi   နှင့်  Gunma    စီရင်စုများရှိ တက္ကသိုလ်များမှ    ဘွဲ့ရကျောင်းသားများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်ရန် စာရင်း ပေးသွင်းထားသူများ၊ တစ်နှစ်လျှင် မိသားစု ဝင်ငွေ   ယန်း    ၆၀၀၀၀၀၀   အောက်ရှိသူ များ၊  ၂၀၂၃   ခုနှစ် ဧပြီလတွင်    ဒုတိယနှစ် နှင့်အထက်    ကျောင်းဝင်စာရင်းသွင်းထား သည့်     နိုင်ငံတကာကျောင်းသားများအား Daiozu    Memorial    Foundation   ပညာ သင်ဆုပေးအပ်ရန်     ရည်ရွယ်ကြောင်းနှင့် ထောက်ပံ့ကြေးလျှောက်ထားနိုင်ကြောင်း သိရ သည်။


 အဆိုပါ Daiozu Memorial Foundation ပညာသင်ဆု ချီးမြှင့်ရန်အတွက်  နိုင်ငံတကာ ကျောင်းသား ၂၅ ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးကို  တစ်နှစ်လျှင်  နှစ်ကြိမ် ပေးအပ်မည်ဖြစ်ကာ   တစ်နှစ်လျှင်    ယန်း ၃၆၀၀၀၀၊ တစ်လလျှင် ယန်း ၃၀၀၀၀ ပေးအပ် သွားမည်ဟု သိရသည်။


ထို့ကြောင့်  ၂၀၂၄ ခုနှစ် မတ် ၁ ရက်မှ မေ ၂၀ ရက်တွင်  နောက်ဆုံးထား၍    http://www. daiohs-zaidan.or.jp သို့ ဝင်ရောက် လျှောက်ထားနိုင်ကြောင်းနှင့်   အသေးစိတ် အချက်အလက်များကို  သိရှိလိုပါက info@daiohs-zaidan.or.jp  သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။


MT