![](/npe/sites/default/files/2024-08/Army-2_1.jpg)
နေပြည်တော် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ် ရှားတောလေးကျေးရွာ အနီးရှိ မဟာဓမ္မရံသီကုန်းတော် မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ် စေတီတော် (မန္တလေး) ဘက်စုံပြုပြင်မွမ်းမံရန် အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေ များ ထည့်ဝင်လှူဒါန်းသည်။
ထိုသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ထည့်ဝင် လှူဒါန်းသည့် အလှူငွေကျပ် သိန်းတစ်ထောင်ကို ယနေ့နံနက် ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကို ထိုက်က သွားရောက်ပေးအပ် လှူဒါန်းရာ စေတီတော် ဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်