စူပါတိုင်ဖွန်းမုန်တိုင်း ဆာအိုလာ၏ သက်ရောက်မှုကို ဖိလစ်ပိုင်နိုင်ငံ၌ လူပေါင်း၂၀၀၀၀၀ နီးပါး ခံစားခဲ့ရ

 

မနီလာ   သြဂုတ်   ၃၀


ဖိလစ်ပိုင်နိုင်ငံရှိ    ဒေသအချို့တွင်    စူပါတိုင်ဖွန်း မုန်တိုင်း  ဆာအိုလာကြောင့် ရေကြီးမှုနှင့် မြေပြိုမှု များ   ဖြစ်ပွားခဲ့ပြီး   လူပေါင်း    ၂၀၀၀၀၀    နီးပါး မုန်တိုင်း၏ သက်ရောက်မှုဒဏ်ကို ခံစားခဲ့ရသည်ဟု အစိုးရက ဩဂုတ် ၃၀ ရက်တွင် ပြောသည်။ 


မုန်တိုင်းဒဏ်ကြောင့်  တစ်ဦးပျောက်ဆုံးခဲ့ပြီးယခုအချိန်အထိ သေဆုံးသူ သတင်းပို့ချက်မရှိသေး ကြောင်း  အမျိုးသားသဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီက ပြောသည်။ မုန်တိုင်းဆာအိုလာ ကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းနှင့်  လူဇွန်ကျွန်း တို့၌ နေရာပေါင်း ၁၉၃ ခုတွင် ရေကြီးခဲ့ပြီး မြေပြိုမှု  ၁၂  ခု  ဖြစ်ပွားခဲ့သည်ဟု   သဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီက ပြောသည်။


ယာယီခိုလှုံရာနေရာများတွင်  နေထိုင်နေရသူ ၃၅၀၀၀ ရှိသည်။  မုန်တိုင်းဆာအိုလာသည်  ပြီးခဲ့ သည့်  တနင်္ဂနွေနေ့က   အင်အားပြင်းထန်လာပြီး စူပါမုန်တိုင်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံမြောက်ပိုင်းသို့    မိုးသက်လေပြင်းကျရောက် ခဲ့သည်။


မုန်တိုင်းဆာအိုလာသည်  ဖိလစ်ပိုင်သို့  ယခုနှစ် အတွင်း ဝင်ရောက်ခဲ့သည့် ခုနစ်ခုမြောက်မုန်တိုင်းဖြစ်ပြီးလာမည့်   သောကြာနေ့မတိုင်မီအထိ    စူပါ တိုင်ဖွန်းမုန်တိုင်းအဖြစ်    ဆက်လက်ရှိနေမည်ဟု ယူဆရသည်။  အပူပိုင်းမုန်တိုင်း  ဟိုက်ကူအီသည် လည်း ဖိလစ်ပိုင်နိုင်ငံသို့ ချဉ်းကပ်နေပြီး လူဇွန်ကျွန်း မြောက်ပိုင်းဒေသကို ခြိမ်းခြောက်လျက်ရှိသည်ဟု သိရသည်။                                      

ဆင်ဟွာ