
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ၁၁-၂-၁၉၄၇ ရက်နေ့ည ပင်လုံမြို့၌ စော်ဘွားများ တည်ခင်းကျွေးမွေးသော ထမင်းစားပွဲ တွင် ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)