စပါးမျိုးကွဲများ စနစ်တကျ နုတ်ပယ်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်များ ပိုမိုရရှိလာမည်

 

ကျောင်းကုန်း   စက်တင်ဘာ  ၂၉


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည်  ယမန်နေ့  မွန်းလွဲ ၂ နာရီခွဲက ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့် ကျေးရွာ ကွင်းအမှတ် ၃၈၅ ရှိ တောင်သူ ကိုးဦး စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုးစေ့ထုတ်စိုက်ခင်း   တစ်ကွင်းတစ်စပ်တည်း   ဧက ၅၀ ၌  စပါးမျိုးကွဲနုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို သွားရောက်ကြည့်ရှုသည်။


 အဆိုပါ စပါးမျိုးကွဲများ၊ စပါး ပန်းပွင့်ချိန်တွင်     စနစ်တကျ နုတ်ပယ်ခြင်းဖြင့် စပါးမျိုးကောင်း မျိုးသန့်များ ပိုမိုရရှိလာမည်ဖြစ် ကြောင်း၊  မျိုးသန့်ထုတ်လုပ်ရေး  လုပ်ငန်းများလည်း ပိုမိုတိုးတက် လာမည်ဖြစ်ရာ       မျိုးကောင်း မျိုးသန့်များအား   တောင်သူများ   ပိုမိုသုံးစွဲလာနိုင်ပြီး စပါးအထွက် နှုန်းလည်း တိုးတက်လာမည်ဖြစ် ကြောင်း   စိုက်ပျိုးရေးဦးစီးဌာနက     သိရသည်။


စပါးမျိုးကွဲ    နုတ်ပယ်ခြင်း   ကွင်းသရုပ်ပြပွဲသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊     တိုင်းဒေသကြီး လုံခြုံရေးနှင့်      နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး  ကျော်စွာ လှိုင်၊  တိုင်းဒေသကြီး   လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး     (တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး) ရဲမှူးကြီး တင်ဇော်ထွန်း၊  တိုင်းဒေသကြီး၊ ခရိုင်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌနှင့် မျိုးသန့်စိုက်ပျိုးသော တောင်သူ များ  တက်ရောက်ခဲ့ကြောင်း သိရ သည်။


ဝင်းကြိုင်(ပြန်/ဆက်)