
မက်ဒရစ် ဩဂုတ် ၁၉
စပိန်နိုင်ငံ အရှေ့ပိုင်းတွင် အရှိန်အဟုန်ဖြင့် လောင်နေသည့် တောမီးကို မိုးရွာသွန်းမှုကြောင့် ထိန်းသိမ်းနိုင်ခဲ့သော်လည်း ဩဂုတ် ၁၉ ရက်တွင် ထပ်မံလောင်နေမှု ကြောင့် စီယာရာကာဒီရိုနာ သဘာဝဥယျာဉ်ရှိ သစ်တောများ ခြိမ်းခြောက်ခံနေကြောင်း တာဝန် ရှိသူများက ပြောကြားသည်။
ယခုနှစ်အတွင်း စပိန်နိုင်ငံ၌ အပူလှိုင်းနှင့် ကာလရှည်ကြာ ခြောက်သွေ့နေသည့် ရာသီဥတု ကြောင့် တောမီးလောင်မှုပေါင်း ၄၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး ဟက်တာ ၂၈၃၀၀၀ ကျော် ပျက်စီးခဲ့သဖြင့် ၂၀၂၁ ခုနှစ်အတွင်း လောင်ခဲ့ သည့် သစ်တောဧရိယာစုစုပေါင်း ထက် သုံးဆကျော် ပျက်စီးဆုံးရှုံး သွားပြီဖြစ်သည်။
လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း ရာနှင့်ချီသော မီးသတ် သမားများက ဗလင်စီယာဒေသ တွင် လောင်နေသော တောမီးကြီး နှစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မီးတောက် များအားလုံးနီးပါး ငြှိမ်းသတ်နိုင်ခဲ့ သည်။
သို့သော် ဗော်လ်ဒီဘိုဒေသရှိ တောမီးများမှာ လုံးဝငြိမ်းသွားခဲ့ သော်လည်း ဗလင်စီယာမြို့၏ အနောက်မြောက်ဘက် ကီလို မီတာ ၇၀ (၄၅ မိုင်) အကွာ တွင် ဘီဂျစ်ဒေသ၌ ထပ်မံ လောင်နေသည့် တောမီးမှာ စီယာရာ ကာဒီရိုနာသဘာဝ ဥယျာဉ်ဆီသို့ဦးတည်၍ ဆက်လက် တောက်လောင်နေခဲ့သည်။ အဆို ပါတောမီးကြောင့် မြေဧရိယာ ဟက်တာ ၁၉၀၀၀ (ဧက ၅၀၀၀၀)မှာလည်း ပျက်စီးခဲ့ပြီးဖြစ် သည်။
ညဘက်အချိန်များတွင် ပို၍ အရှိန်အဟုန်ပြင်းထန်စွာ ဆက် လက်လောင်နေသည့် အဆို ပါတောမီးကို မီးငြှိမ်းသတ်ရေး အဖွဲ့ ၃၅ ဖွဲ့က မီးငြှိမ်းသတ်ရန် ကြိုးစားနေကြောင်း အရေးပေါ် ဝန်ဆောင်မှုဌာန၏ လူမှုကွန်ရက် တွင် ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် တစ်ပတ်စနေနေ့ က စတင်လောင်ခဲ့သည့် ဗော်လ်ဒီဘိုဒေသတောမီးနှင့် ဘီဂျစ် ဒေသ တောမီးလောင်မှုများ ကြောင့် စုစုပေါင်း လူဦးရေ ၃၀၀၀ ကျော်ကိုလည်း ဘေးလွတ် ရာသို့ ပြောင်းရွှေ့ခဲ့ရပြီးဖြစ် သည်။ ၂၀၂၁ ခုနှစ်အတွင်းက လောင်ခဲ့သည့် တောမီးကြောင့် သစ်တောမြေဟက်တာ ၈၄၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်အတွင်း ဆုံးရှုံးခဲ့သည့် မြေဧရိယာ ပမာဏ မှာ ယင်းထက် သုံးဆခန့်ပိုများ ကြောင်း ဥရောပဒေသ တောမီး သတင်းအချက်အလက် စနစ် ၏ အချက်အလက်များက ဆိုသည်။
အေအက်ဖ်ပီ