စပိန်နှင့် ဘရာဇီးတွင် ပထမဆုံးအကြိမ် မျောက်ကျောက်နှင့်ဆက်စပ်သည့် ရောဂါကြောင့် သေဆုံးမှုအတည်ပြု

 

မက်ဒရစ်     ဇူလိုင်     ၃၀


စပိန်ကျန်းမာရေးဝန်ကြီးဌာနက  ပထမဆုံးအကြိမ်  မျောက်ကျောက်နှင့်ဆက်စပ်သည့်  ရောဂါကြောင့် သေဆုံးမှုကို ဇူလိုင် ၂၉ ရက်တွင် အတည်ပြုလိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


အဆိုပါ သတင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို နိုင်ငံတကာစိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး တစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။     စပိန်နိုင်ငံ၌      လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါ  အတည်ပြုကူးစက်ခံရသူ အရေအတွက် ၄၂၉၈ ဦးရှိပြီး ၁၂၀ ကို ဆေးရုံသို့ တင်ပို့ထားရကြောင်း    အမျိုးသားကူးစက်ရောဂါ စောင့်ကြည့်ရေးကွန်ရက် (အာရ်အီးအင်န်အေ ဗွီအီး) ၏  စုဆောင်းထားသော အချက်အလက်များအရ သိရသည်။ 

 


စပိန်နိုင်ငံ၌     အဆိုပါ    ရောဂါကူးစက်မှုခံရသူ အသက်အရွယ်အပိုင်းအခြားသည်   ၁၀ လသား အရွယ်မှ အသက် ၈၈ နှစ် အရွယ်အထိဖြစ်ကြောင်း သိရသည်။ မျောက်ကျောက်ရောဂါဖြစ်ပွားမှုသည် စပိန်နိုင်ငံ၏   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ  ၁၇ ခုမှ  ဖြစ်ကြောင်း၊ မက်ဒရစ်မှ ၁၆၅၆ ဦးဖြင့် ကူးစက်မှု အများဆုံးဖြစ်ပြီး     ၎င်းနောက်တွင်    ကက်တာ လိုနီယာမှ      ၁၄၀၆   ဦးနှင့်   တောင်ပိုင်းဒေသ အန်ဒါလူရှားမှ ၄၉၈ ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ 

 


အခြားသတင်းတစ်ရပ်တွင်    ဘရာဇီးနိုင်ငံ၌ လည်း     ပထမဆုံးအကြိမ်   မျောက်ကျောက်နှင့် ဆက်စပ်သည့် ရောဂါကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ ကြောင်း ဇူလိုင် ၂၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဘရာဇီးနိုင်ငံ၌ ဇူလိုင်  ၂၇  ရက်အထိ    မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်ခံရသူ ၉၇၈ ဦးရှိကြောင်း သိရသည်။      

                                                                                                                         
 ဆင်ဟွာ