
မက်ဒရစ် မတ် ၂၅
စပိန်နိုင်ငံ အရှေ့ပိုင်း၌ မကြာသေးမီက လောင်ကျွမ်း သည့် တောမီးကြောင့် သဘာဝ ကုန်းမြေ ဟက်တာ ၄၀၀၀ လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၁၅၀၀ မှာ ၎င်းတို့၏ နေအိမ်မှ ပြောင်းရွှေ့ခဲ့ရကြောင်း သိရ သည်။
တောမီးမှာ ကက်စ်စတယ် လိုနှင့် တဲရူရယ်ပြည်နယ်တို့ အကြားတွင် မတ် ၂၃ ရက်က စတင်လောင်ခဲ့ကြောင်း သိရ သည်။ တောမီးလောင်မှုကြောင့် အဆိုပါဒေသအတွင်းရှိ ကျေးရွာ များမှာ မတ် ၂၃ ရက်မှ ၂၄ ရက် အတွင်း ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
စပိန်နိုင်ငံ၌ တောမီးကြောင့် ၂၀၂၁ ခုနှစ်က ကုန်းမြေ ၈၄၈၂၇ ဟက်တာကျော်နှင့် ၂၀၂၂ ခုနှစ် နွေရာသီကာလက စံချိန်တင် အပူမြင့်တက်ခဲ့မှုကြောင့် ကုန်းမြေ ဟက်တာ ၃၀၀၀၀၀ ကျော် လောင်ကျွမ်းခဲ့သည်။
အဆိုပါ ဒေသအတွင်း လာမည့် သီတင်းပတ်ကုန်တွင် အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်အထိရှိရန် ပြည်နယ် မိုးလေဝသအေဂျင်စီ (အေအီးအမ်အီးတီ)က ခန့်မှန်း ထားကြောင်း သိရသည်။
ဆင်ဟွာ