စပိန်နိုင်ငံ၌ အပူလှိုင်းနှင့်ဆက်စပ်သော ဖြစ်စဉ်ကြောင့် သေဆုံးသူ ၅၁၀ အထိ ရှိလာ

 

မက်ဒရစ်   ဇူလိုင်   ၁၉


စပိန်နိုင်ငံ     နေရာအချို့တွင် အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်စ်ထိ ရောက်ရှိလာပြီး  အပူလှိုင်းဖြတ်မှု အပါအဝင်   ပထမသီတင်းပတ် အတွင်း   အပူလှိုင်းနှင့်ဆက်စပ် သော       ဖြစ်စဉ်များကြောင့် သေဆုံးသူ ၅၁၀ အထိ   ရှိလာ ကြောင်း တနင်္လာနေ့တွင် ကျန်းမာ ရေးဝန်ကြီးဌာနက ပြောသည်။ 

 


အဆိုပါ   သေဆုံးသူများသည် ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်အတွင်း ဖြစ်ကြောင်း   စပိန်ကျန်းမာရေး ဝန်ကြီးဌာနသို့    အစီရင်ခံတင်ပြ သည့်       ကားလို့စ်ကျန်းမာရေး အဖွဲ့အစည်း (ISCIII) က ပြော သည်။ စပိန်နိုင်ငံတွင် အပူချိန်မြင့် တက်လာသည်နှင့်အမျှ အပူလှိုင်း နှင့်ဆက်စပ်သော    သေဆုံးသူ အရေအတွက်လည်း    တိုးလာ ကြောင်း သိရသည်။ 

 


ထို့ပြင်   ဇူလိုင်  ၁၀   ရက်မှ ၁၃ ရက်အထိ  လေးရက်အတွင်း သေဆုံးသူ ၁၅  ဦး  မှ   ၆၀ အထိ လေးဆတိုးလာကြောင်း     သိရ သည်။     အဆိုပါ   အပူလှိုင်းသည် အသက်အကြီးပိုင်းများကို အများဆုံး ထိခိုက်သေဆုံးမှု      ဖြစ်ပွားစေပြီး သေဆုံးသူ ၅၁၀ တွင်  အသက် ၈၅ နှစ်နှင့်အထက်ရှိသော သေဆုံး သူ ၃၂၁ ဦး ပါဝင်ကြောင်း၊ အသက် ၇၅ နှင့် ၈၄ နှစ်ကြားတွင်    ၁၂၁ ဦး ပါဝင်ကြောင်းနှင့် ၆၅ နှင့် ၇၄ နှစ် ကြားတွင်   ၄၄ ဦး   ပါဝင်ကြောင်း သိရသည်။ 

 


စပိန်နိုင်ငံ၌ အဆိုပါ အပူလှိုင်း ဖြတ်မှုသည် ယခုနှစ်တွင် ဒုတိယ အကြိမ်မြောက်   အပြင်းထန်ဆုံး  အပူလှိုင်းဖြတ်မှုဖြစ်ပြီး    ပထမ အကြိမ်    အပူလှိုင်းဖြတ်မှုသည် ဇွန် ၁၁ ရက်မှ   ဇွန် ၁၇ ရက်အထိ ကြာမြင့်ကာ  နိုင်ငံတစ်ဝန်း သေဆုံး သူ ၈၂၉ ဦးအထိ    ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  ထုတ် ပြန်ချက်အရ သိရသည်။      

       
ဆင်ဟွာ