COVID-19 ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ  ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်


 

နေပြည်တော်   ဇူလိုင်     ၁၃


အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease  2019  (COVID-19)   ကာကွယ်ရေးနှင့် ပတ်သက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင် က  COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံ လုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက် ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့် အညီ COVID-19 ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊      နယ်မြေခံ   သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ 
ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း  သက်ဆိုင်ရာမြို့နယ်များ၌  Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး  ယင်းသို့ဆောင်ရွက်ပေးနေမှုများကို    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊  တိုင်းမှူးများနှင့်  တာဝန်ရှိသူ များက    သွားရောက်ကြည့်ရှု၍   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့          ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည   ၇  နာရီအထိ   နေပြည်တော်စစ်ကြော ရေးနှင့်  တည်းခိုရေးစခန်း၌  သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၁၁၈ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌  ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၆၅၆ ဦးနှင့် အမျိုးသမီး ၂၇၈ ဦး စုစုပေါင်း ၉၃၄ ဦး ကိုလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအမျိုးသား ၉ ဦးနှင့် အမျိုးသမီး   ၉၇   ဦး   စုစုပေါင်း   ၁၀၆    ဦးအား လည်းကောင်း လက်ခံထားရှိကြောင်း သိရှိရသည်။
အထက်ပါ   စောင့်ကြည့်လူနာများနှင့်   ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ      နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့်       တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်     အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
သတင်းစဉ်