COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြောင်း ကြေညာချက်

ယခုအခါ မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်းဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှုနှုန်း မြင့်တက် လာသည့်အတွက်   ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနနှင့်   တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးရုံများ၊ ဆေးခန်း များ၊ Quarantine Center များ၊  Community COVID Positive Centre များ ဖွင့်လှစ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 


ထိုသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများပြုလုပ်ရာတွင် လိုအပ်သည့် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အခြား အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများအား သက်ဆိုင်ရာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဆေးရုံ၊ ဆေးခန်း၊  Quarantine Center များနှင့် Community COVID  Positive  Centre  များနှင့်  သက်ဆိုင်ရာနေရာများသို့ တိုက်ရိုက်ပေးပို့လှူဒါန်းနိုင်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။


Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ