COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၁ ခုနှစ်၊ဩဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

၁။    COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို   ကာကွယ်ထိန်းချုပ်သည့်  အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၃၁-၇-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၃၀-၆-၂၀၂၁ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်-


    (က)    မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
    (ခ)    မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ်  ကြိုတင်ကာကွယ်ရေး  ထပ်တိုးကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာထုတ်ပေး ခြင်းများအား     ယာယီရပ်ဆိုင်းမှုတို့နှင့်      စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊ 
    (ဂ)    ကမ္ဘာ့နိုင်ငံအသီးသီးမှ  မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ်   ကြိုတင်ကာကွယ်ရေး   ထပ်တိုး ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
    (ဃ)    ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြမည့်   နိုင်ငံခြားသားများအား   ဗီဇာကင်းလွတ်ခွင့်နှင့်  လူမှုရေး ဗီဇာအပါအဝင်မည်သည့် ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍   ၂၈-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်။
၂။    COVID-19 ကူးစက်ရောဂါ      ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့်    ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ  မြန်မာပြည်သူများအား   ကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက်   ထိရောက်သည့်  အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန်ရှေးရှုလျက် ပြည်ထောင်စု သမ္မတ     မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်     အထက်ဖော်ပြပါ   ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက် ပါသည်။
၃။    သို့ရာတွင် အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊  မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန် များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများ အပါအဝင်)အနေဖြင့်  မြန်မာနိုင်ငံသို့   ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်  (သို့မဟုတ်)   အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက  ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ   ကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက်   ပြည်ပနိုင်ငံများရှိ   အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့    ဆက်သွယ် အကူအညီတောင်းခံရန်    ဖြစ်ပါသည်။  သို့သော်   မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်  ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ      တည်ဆဲညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၃၀ရက်