
၁။ COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် COVID - 19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါအတိုင်း ဖွင့်လှစ်ထားပါသည်-
(က) COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြား ငွေစာရင်း အမှတ် EDC 600012)။
၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် ၃၃၈ ဘီလီယံခန့်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
(ခ) COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ် ငွေစာရင်းအမှတ် OA 013733)။
၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေကျပ် သန်း ၁,၀၀၀ ကို ထည့်သွင်းထားပါသည်။
၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင် လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြား ငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့် နိုင်ငံခြားငွေအမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် အခြားပြည်တွင်း ပုဂ္ဂလိက ဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်း အမှတ်များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။
၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ် လိပ်စာတို့ကို ပြည့်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများ ထည့်သွင်းပြီးပါက email: treasury05@365mopf.gov.mm, treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထား သည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင်ပါသည်။
ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၆
ငွေတိုက်ဦးစီးဌာန ၀၉-၄၅၀၄၅၅၂၃၇
ဒုတိယညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၈
ငွေတိုက်ဦးစီးဌာန ၀၉-၂၅၄၅၅၈၄၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန