Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ================================================================================================================================================================ အခု ကိုဗစ်နောက်ဆုံးအခြေအနေ ပြောရ မယ်ဆိုရင် ကိုဗစ်ကို မထိန်းချုပ်နိုင်သေးတဲ့ နေရာတွေကိုလည်း အဓိကထားပြီးတော့ ပြောဖို့လည်းလိုတယ်၊ နောက်ပြီးတော့ ကျွန်မတို့ ကာကွယ်ဆေးအစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ပြောဖို့တော့လိုပါတယ်။ ကိုဗစ်ထိန်းချုပ်ရာမှာ အားနည်းနေတဲ့နေရာ အများဆုံးကတော့ ရန်ကုန်ပေါ့။ အဲဒါတော့ လည်း ကျွန်မတို့ ရန်ကုန်တိုင်းက ပြည်သူ တွေ သိပြီးသားဖြစ်ပါတယ်။ အဲဒီတော့ အထူးသတိထားစေချင်ပါတယ်။ အခုအချိန် မှာဆိုရင် ရာသီဥတုကလည်း အေးလာပြီ။ ရာသီဥတုက အေးလာတဲ့အခါကျတော့ တခြားအေးတဲ့ရာသီနဲ့၊ ဆောင်းရာသီနဲ့ ပတ်သက်နေတဲ့ ဖြစ်တတ် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အအေးမိတာလေးတွေ၊ တုပ်ကွေးဖြစ် တာလေးတွေလည်း ရှိနိုင်ပါတယ်။ အဲဒီ တော့ ကျွန်မနားလည်သလောက်ကတော့ တုပ်ကွေးဖြစ်နေသူ တစ်ဦးကနေပြီးတော့ ကိုဗစ်ပါကူးမယ်ဆိုရင် အခြေအနေက နည်းနည်းပိုပြီးတော့ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် အားလုံး အထူးသတိထားဖို့ ဆိုတာကို ကျွန်မတို့ သတိပေးချင်ပါတယ်။ ရန်ကုန်ကနေပြီးတော့ မထိန်းချုပ် နိုင်တာကတော့ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံး အတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်က ကျွန်မတို့ရဲ့ တစ်နည်း အားဖြင့် ပြောရမယ်ဆိုရင် စီးပွားရေး မြို့တော်ဆိုရင်လည်း မမှားပါဘူး။ ဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့နာလန် ထူအောင်လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း ကျွန်မက သတိပေးချင်ပါတယ်။ အဲဒီတော့ အခုအချိန်မှာဆိုရင် တချို့ကနေပြီးတော့ ကာကွယ်ဆေး ဘယ်တော့ရမလဲဆိုတာပဲ စိတ်ဝင်စားကြတယ်။ ကာကွယ်ဆေးနဲ့ပတ်သက် လို့တော့ ကျွန်မတို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့၊ နောက် Gavi ဆိုတဲ့ ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်အတွက် လုပ်ထားတဲ့ အစီအစဉ်ရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်ပေါ့။ COVAX ဆိုတဲ့အစီအစဉ်၊ အဲဒီဟာမှာ ကျွန်မတို့ကလည်း ပါဝင်ပါတယ်။ ၇ ရက်နေ့တုန်းကဆိုရင် ဒီဟာ အမှာစာလည်း ပို့ပြီးပါပြီ။ ဆေးတွေနဲ့ ပတ်သက်လို့၊ ကာကွယ်ဆေးတွေနဲ့ပတ်သက်လို့ အဲဒီဟာလည်း ရနိုင်မယ် လို့လည်း ကျွန်မတို့ သိရပါတယ်။ ဒါ့အပြင် မလုံလောက်တဲ့ဟာတွေကိုလည်း တခြားဘက်ကနေ ကျွန်မတို့ဝယ်ပါ့မယ်။ ဒီ COVAX အစီအစဉ်နဲ့တော့ ကျွန်မတို့ လိုသလောက် အားလုံးတော့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ တို့ နိုင်ငံတော်ကနေပြီးတော့ အားလုံးအတွက် လုံလောက်အောင်လို့ စီစဉ်ထားပါတယ်။ စီစဉ်တဲ့နေရာမှာဆိုရင်လည်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးတဲ့ အကြံပေးအဖွဲ့ဆိုတာလည်း၊ ဝါရင့်ကျန်းမာရေး ပညာရှင်ကြီးများနဲ့ ဖွဲ့စည်းထားပြီးပါပြီ။ ဘယ်လိုအစီအစဉ်တွေနဲ့ ကျွန်မတို့ လုပ်မလဲ၊ ဆေးတွေကို ဘယ်လိုသိုလှောင်မလဲ၊ ဘယ်လို ဖြန့်ဖြူးမလဲ၊ ဘယ်လို ထိုးပေးမလဲဆိုတာ အဲဒီလိုအစီအစဉ်တွေလည်း ကျွန်မတို့လုပ်ပြီးသား ဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်မ သတိပေးချင်တာကတော့ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်မတို့က နိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထည့်ပြီးတော့ တွက်ရ ပါတယ်။ ကျွန်မပြောချင်တာက ဘာလဲဆိုတော့၊ စီးပွားရေးပြန်ပြီးတော့ နာလန်ထူနေတဲ့နေရာတွေကို ကျွန်မတို့ ဦးစားပေးပြီးတော့၊ ကာကွယ်ဆေး တွေ ထိုးသင့်ရင်လည်း ထိုးပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ စီးပွားရေးယန္တရားကြီး ပြန်ပြီးတော့လည်ပတ်ဖို့ဆိုတာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအချိန်မှာ စီးပွားရေးယန္တရား ပြန်ပြီးတော့ လည်ပတ်နိုင်တဲ့ အခြေအနေရှိတဲ့ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီးတော့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာဆိုရင် ပိုပြီး တော့ စောစောစီးစီးကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကတော့ ကျွန်မတို့ကတော့ အားလုံးအတွက် မျှတ အောင်လုပ်မယ်၊ အားလုံးကနေလည်း ကာကွယ်ဆေးတော့ရမှာပဲ၊ ဒါပေမယ့် ဘယ်တော့၊ ဘယ်သူတွေကို ဦးစားပေးရမလဲဆိုတာတော့ နိုင်ငံရဲ့လိုအပ်ချက် အရ၊ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်တဲ့ အင်အားအရပေါ့။ အဲဒါကို ကျွန်မတို့ ဆုံးဖြတ်ရမှာပါ။ ဒါကြောင့် စောစောစီးစီးပြန်ပြီးတော့ သာမန်လည်ပတ်မှုဖြစ်သွားချင် ရင် အထူးသတိထားဖို့လိုပါတယ်၊ အထူးဂရုစိုက်ပါ၊ ဒီအချိန်မှာ။ ဒီအချိန်မှာ ဂရုစိုက်ပါဆိုတာ ထပ်တလဲလဲ ပြောနေရတဲ့အခါကျတော့ တချို့ကတော့ သေချာတောင် နားထောင်ပါဦးမလားတော့မသိပါဘူး။ ဒါပေမယ့်လည်း ထပ်တလဲလဲလည်း သတိပေးဖို့လိုလို့ သတိပေးပါရစေ။ Mask တပ်တာ၊ လက်ကိုကောင်းကောင်းမွန်မွန်ဆေးတာ ဒီနှစ်ခုတည်းကို လုပ်မယ်ဆိုရင် တောင်မှ ရောဂါကူးစက်နိုင်တဲ့နှုန်း အင်မတန်မှ ကျသွားပါတယ်။ လုံးဝလုံခြုံ မယ်လို့ ပြောတာမဟုတ်ပါဘူး။ သို့သော်ငြားလည်း Mask လည်းတပ်ထားတယ်၊ လက်ကိုလည်း စင်စင်ဆေးတယ်၊ ပိုးသန့်အောင်ပေါ့။ ကိုယ့်လက်ကိုယ်ကိုယ် ပိုးသန့်အောင် ထားတယ်ဆိုရင်တော့ ရနိုင်နှုန်းက အင်မတန်မှ ကျသွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ထိတွေ့မှု၊ ပြင်ပကပေါ့၊ ကိုယ့်မိသားစု၊ ကိုယ့်အိမ်သူအိမ်သားများကလွဲလို့ ပြင်ပကသူတွေနဲ့ထိတွေ့မှု အနည်းဆုံး ဖြစ်အောင် နေတာကတော့ အကောင်းဆုံးပေါ့။ ကိုယ့်အိမ်ထဲမှာဆိုရင်တောင် မှ သတိထားရပါတယ်။ တချို့အိမ်သားတွေက အပြင်ထွက်တယ်၊ အပြင်ထွက် ပြီးတော့ ပြန်လာတယ်။ ကျွန်မလည်း သတိပေးပြီးပါပြီ။ အဲဒီတော့ ကိုယ်ကိုယ် တိုင်ကနေပြီးတော့ အရွယ်ကောင်းမို့လို့၊ အခြေခံကျန်းမာရေးကောင်းမို့လို့ ဘာမှမဖြစ်ဘူးဆိုပေမယ့်လည်း ကိုယ့်အိမ်က မိဘအိုကြီးတွေရှိရင်၊ အဘိုး အဘွားတွေရှိရင်၊ ဒါမှမဟုတ် ကျန်းမာရေးအရ အခြေခံအားနည်းချက်ရှိတဲ့ မိသားစုဝင်တွေရှိရင် သူတို့တွေအတွက် အများကြီးအန္တရာယ်ရှိတယ်ဆိုတာကို ထပ်ပြီးတော့လည်း စဉ်းစားစေချင်ပါတယ်။ အဲဒီတော့ ကျွန်မတို့အခု ကိုဗစ်နဲ့ပတ်သက်လို့ဆိုရင် တချို့က ကာကွယ် ဆေးထိုးပြီးလို့ရှိရင် ပြီးသွားတာပဲဆိုပြီးတော့ ပေါ့ပေါ့တွက်ပါလိမ့်မယ်။ ဒါပေမယ့် ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးကို ကျွန်မတို့ထိုးပေးရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ဘယ်သူမှ မကျန်ဖို့ပေါ့။ ဒါတော့ ကျွန်မတို့ရဲ့ မူပါပဲ။ ဘယ်သူ့ကိုမှ မချန် ခဲ့ဘူး။ အားလုံးကို ကျွန်မတို့ကနေပြီးတော့ ကျန်းမာရေးအရ ကာကွယ်မှုပေးဖို့ ကျွန်မတို့ စီစဉ်ပါတယ်။ ဒါပေမယ့် အားလုံးကို တစ်ချိန်တည်းထိုးပေးနိုင်တာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံလုံးအတွက် ပြီးမြောက်အောင်လို့ဆိုရင် လနဲ့ချီပြီးတော့ ကြာမှာပါ။ ဒါကြောင့် အခု၊ ဒီနေ့၊ မနက်ဖြန်၊ သဘက်ခါလောက်ပြီးသွားမယ်လို့ အဲဒီလိုမယူဆပါနဲ့။ ကျွန်မတို့ ကာကွယ်ဆေးတွေဟာလည်း ဒီလတော့စပြီး ထိုးနိုင်မယ့် အခြေအနေတော့ ကျွန်မ မမြင်ပါဘူး။ အဲဒီတော့ မှာထားတာတွေရှိတယ်။ အစီအစဉ်တွေတော့ လုပ်ပြီးသားပါ။ ဒါပေမယ့် ဟိုဘက်ကလည်း ရောက်လာဖို့လည်း လိုပါသေးတယ်။ အစောဆုံးတော့ ကျွန်မတို့ လုပ်ပါမယ်။ နောက်ပြီးတော့ စလုပ်ပြီးတဲ့အချိန်က နေပြီးတော့လည်း နောက်တွက်လိုက်မယ်ဆိုရင် လနဲ့ချီပြီးတော့ကြာမှ တစ်တိုင်းပြည်လုံးကို ပြီးသွားမှာပါ။ ဒီကြားထဲမှာ ကျွန်မတို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒီကြားထဲမှာ ဒီရောဂါ ထပ်ပြီးတော့ ဖြစ်နေမယ်ဆိုရင် ကျွန်မ သတိပေးတဲ့အတိုင်းပဲ၊ အရင်စောစောက သတိပေးတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ နိုင်ငံရဲ့စီးပွားရေးပေါ့။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့ အတွက် နှောင့်နှေးသွားပါလိမ့်မယ်။ အဲဒီဟာအတွက် အထစ်အငေါ့ဖြစ်ပါလိမ့် မယ်။ နောက်တချို့ကတော့ ဒီရောဂါဖြစ်ပြီးရင် အေးအေးဆေးဆေးပဲ၊ နောင် ဖြစ်စရာမလိုတော့ဘူးဆိုပြီးတော့ ထင်နေတဲ့လူတွေလည်းရှိပါတယ်။ အဲဒီဟာ လည်း မဟုတ်ပါဘူးဆိုတာ ကျွန်မ သတိပေးပါရစေ။ ကျွန်မနားလည်သလောက် ကတော့ ပညာရှင်များသတ်မှတ်ထားတာက ရောဂါဖြစ်ပြီးတော့ ၃ လလောက် အထိ ရက် ၉ဝ ပေါ့။ ရက် ၉ဝ ဆိုတော့ ၃ လလောက်အထိကို ပြန်ပြီးတော့ ရောဂါကူးဖို့ အခြေအနေမရှိဘူးပေါ့။ မရှိသလောက်ပဲဆိုပါတော့။ ဒါပေမယ့် ရက် ၉၀ လွန်သွားလို့ရှိရင် ပြန်ပြီးတော့ ဖြစ်နိုင်တဲ့အခြေအနေ ပြန်ရောက်သွား ပါတယ်။ ဒါကြောင့် တစ်ခါ ကိုဗစ်ကူးပြီးပြီဆိုရင်၊ ဖြစ်ပြီးပြီဆိုရင် နောင်ဖြစ် တော့မှာမဟုတ်ဘူး၊ ဖြစ်ရင်လည်း ဖြစ်ပါစေဆိုပြီးတော့ ဒီလို စိတ်ထဲမှာ မထားပါနဲ့။ ထပ်တလဲလဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့ ကိုယ့်ရဲ့အခြေခံ ကျန်းမာရေးကိုတော့ ထိခိုက်မှာဖြစ်ပါတယ်။ အဲဒီလို အခြေခံကျန်းမာရေး ထိခိုက်ရုံတင်မကဘူးပေါ့။ တစ်ခါဖြစ်တိုင်းဖြစ်တိုင်း ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုတွေအတွက်ရော ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ နိုင်ငံတော်အတွက် လည်း ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ကို လုံးဝ တာဝန်ယူပါတယ်။ ဂရုစိုက်ရတာကိုလည်း၊ ဂရုစိုက်နိုင်တာကိုလည်း ဂုဏ်ယူပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့နိုင်ငံရဲ့ အခြေအနေအရဆိုရင် အကန့်အသတ်မရှိ ကျွန်မတို့ သုံးနိုင်တာမဟုတ်ပါဘူး။ ဒါလည်း ကျွန်မ ထပ်တလဲလဲ သတိပေးနေရတာပါ။ တစ်နေရာရာမှာ သုံးတယ်ဆိုရင် နောက် တစ်နေရာမှာ လျှော့ရပါတယ်။ အဲဒီတော့ ကျွန်မတို့ ကျန်းမာရေးအတွက်၊ ကိုဗစ်ကာကွယ်ရေးအတွက်၊ ကုသရေးအတွက် သုံးတာမှန်သမျှဆိုတာဟာ ဖွံ့ဖြိုးရေးအတွက် သုံးတဲ့အထဲကနေပြီးတော့ ကျွန်မတို့ထုတ်ယူရတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများက မြန်မြန်တိုးတက် ချင်တယ်။ မြန်မြန်ဖွံ့ဖြိုးတိုးတက်ချင်တယ်။ မြန်မြန်ပိုပြီးတော့ သာမန် အရင်တုန်းကလိုပေါ့။ သွားလိုက်၊ လာလိုက်နဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်နိုင်တဲ့ ဘဝကို ပြန်ရောက်ချင်တယ်ဆိုရင်တော့ ကိုဗစ်ပြန့်ပွားမှုကို အားလုံးဝိုင်းပြီးတော့ ထိန်းပေးဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကို လည်း ကျွန်မတို့ ဂရုစိုက်စေချင်ပါတယ်။ ဒီလိုပြန့်ပွားနေတဲ့အထဲက ကျွန်မတို့ တချို့နေရာတွေမှာ၊ အထူးသဖြင့် Stay At Home မဟုတ်တဲ့နေရာတွေပေါ့။ နောက်ပြီးတော့ တချို့ကဏ္ဍတွေမှာ ကျွန်မတို့ ဖြေလျှော့ပေးပါတယ်။ ဒီလိုဖြေလျှော့ပေးရတဲ့ အကြောင်းရင်း ကလည်း ပြန်ပြီးတော့၊ သာမန်အနေအထားကို ပြန်ပြီးတော့ အမြန်ဆုံး ကျွန်မ တို့ လုပ်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဥပမာဆိုရင် ပြည်တွင်းလေကြောင်း တွေကို ပျံသန်းဖို့ဟာ ကျွန်မတို့ စစီစဉ်ပါပြီ။ ဒါတော့ စည်းမျဉ်းစည်းကမ်း၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီစွာပေါ့။ တိတိကျကျ ကျွန်မတို့ လုပ်မှာ ဖြစ်ပါတယ်။ နောက် ပြည်ပလေကြောင်းများ ပျံသန်းဖို့ အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ဖို့ဆိုတာလည်း ကျွန်မတို့စပြီးတော့ စီစဉ်နေပါပြီ။ အစောဆုံးဖြစ်အောင်လို့ လုပ်ပါမယ်။ ဒီလို ပြည်တွင်းရော၊ ပြည်ပရောပေါ့။ လေယာဉ်ပျံသန်းမှုရှိနိုင်ရေး၊ ဆက်သွယ်ရေးကောင်းရေး၊ ပြန်ပြီးတော့ ကူးလူး ဆက်ဆံမှု မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေးဆိုတာလည်း ပြန်ပြီးတော့ ကျွန်မတို့ရဲ့ တိုးတက်ရေး မြန်အောင်လို့ လုပ်တဲ့ဟာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံတွေဆိုလည်း စက်ရုံတွေ၊ အလုပ်ရုံတွေလည်း အမြန်ဆုံး ကျွန်မတို့ ပြန်ဖွင့်ပေးမယ်။ Stay At Home မဟုတ်တဲ့ နေရာတွေမှာလည်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ကျွန်မတို့ ဖွင့်ဖို့၊ ပြန်ပြီးတော့ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကန့် အသတ်တွေကနေ ပြီးတော့ မြန်မြန်ဆန်ဆန် လွတ်မြောက်စေချင်တယ်ဆိုရင်တော့ စည်းမျဉ်း စည်းကမ်းကို လိုက်နာဖို့ကတော့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေ၊ အထူးသဖြင့် ရန်ကုန်က ပြည်သူတွေ သတိထားပြီး တော့ ကိုဗစ်ရောဂါမပြန့်ပွားရေးအတွက် နိုင်ငံတော်ကို ကူညီကြပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။