Continental Futsal Championship 2023 ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (က) တွင် ကျရောက်

 

ရန်ကုန်   ဇူလိုင်    ၂၁


Continental Futsal Championship2023 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၁ ရက်က ထိုင်းနိုင်ငံ၌ ကျင်းပရာ  မြန်မာအသင်းသည် အုပ်စု (က) တွင် ကျရောက်ခဲ့သည်။


ယင်းပြိုင်ပွဲတွင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သုံးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။   အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် အိမ်ရှင်ထိုင်း၊ ဆော်လမွန်ကျွန်းစု၊ မြန်မာ၊ အုပ်စု (ခ)  တွင် ချက်၊  မိုဇမ်ဘစ်နှင့်   အာဖဂန်နစ္စတန်အသင်းတို့   ပါဝင်နေသည်။


အုပ်စုပွဲများကို သြဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  ဆီမီးဖိုင်နယ်ပွဲစဉ်များကို  ဩဂုတ် ၁၁ ရက်၊  တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဩဂုတ် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။   မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်စုပွဲများအဖြစ်   ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်း၊ ဩဂုတ်  ၈ ရက် မြန်မာ စံတော်ချိန်  ည ၇ နာရီတွင် ဆော်လမွန်ကျွန်းစုအသင်းတို့နှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။


မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်းသည်     အဆိုပါပြိုင်ပွဲကို အောက်တိုဘာတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် သည်။                             

ညီမြတ်သော်တာ