Computer, Internet & Video Conferencing System ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်း


 

နေပြည်တော် ဩဂုတ် ၁၈


Telecom International Myanmar Co.,Ltd.(Mytel) က သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနသို့ E-Government စနစ်ဖော်ဆောင် ရန်အတွက် Computer, Internet & Video Conferencing System ဆက်စပ်ပစ္စည်းများ လွှဲပြောင်း လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ ဝန်ကြီး ဦးကြည်မင်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ Telecom Interna-tional Myanmar Co.,Ltd.(Mytel)မှ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဒေါက်တာနီလာအေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် Telecom International Myanmar Co.,Ltd.(Mytel) မှ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးက လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် E-Government စနစ်ဖော်ဆောင်ရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (နေပြည်တော်/ ရန်ကုန်ရုံးခွဲ)၊ နိုင်ငံ တော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး) နှင့် အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်/ မန္တလေး) တို့တွင် အသုံးပြုရန်အတွက် Video Conferencing System (၆) နေရာနှင့် Fiber Optic Cable နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန (ဝန်ကြီးရုံး) သို့ Laptop ကွန်ပျူတာ အလုံး ၅၀၊ အင်တာနက် ၁၆၀ Mbps အပါအဝင် စုစုပေါင်း ငွေကျပ် ၂၀၃၅ သိန်း တန်ဖိုးရှိသည့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်း များကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်မှလမ်းညွှန် ထားသော E-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်း များတွင် အောင်မြင်စေရေးအတွက် ယခုကဲ့သို့ Mytel မှ နည်းပညာ နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်း များကို လှူဒါန်းမှုအတွက် ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရ သည်။ သတင်းစဉ်