
နေပြည်တော် မေ ၃၁
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် Colombo Plan Staff College for Technician Education (CPSC) တို့ ပူးပေါင်း၍ In-Country Program on Developing Modern TVET Curri-culum သင်ကြားရေး အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက် ၍ CPSC မှ ညွှန်ကြားရေးမှူးချုပ် Prof. G.L.D Wickramasinghe နှင့် ဖိလစ်ပိုင်နိုင်ငံရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သံရုံးတာဝန်ခံ ဦးအောင်ကျော်ဦးတို့က အမှာစကားများ ပြောကြား ပြီး ဦးစီးဌာနနှင့် CPSC တို့၏ Video များ ပြသခဲ့ကြ သည်။
အဆိုပါ Developing Modern TVET Curri-culum သင်ကြားရေးအစီအစဉ်အား ဦးစီးဌာနရှိ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ဘာသာရပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင် စုစုပေါင်း ၃၀ ကို သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ CPSC နှင့်ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။ သင်တန်း တွင် Theme Paper များအဖြစ် Overview of the TVET System in Myanmar, Understanding Competency Based Training, Identifying Priority Occupations, Identifying Competencies, Designing CBT Programmes နှင့် Developing a Curriculum Framework တို့ ပါဝင်ကြမည်ဖြစ်ပြီး Group Work များပြုလုပ်၍ အဓိက မျှော်မှန်းရလဒ် များအနေဖြင့် Post-COVID Issues and Challenges, List of Priority Skills Requirements, DACUM Chart, Program Design, Module Design နှင့် Curriculum Framework များ ရရှိမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်