“Coex Food Week 2022” ကုန်စည်ပြပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ  ၃


တောင်ကိုရီးယားသမ္မတနိုင်ငံ   ဆိုးလ်မြို့ရှိ Coex Convention & Exhibition Center ၌ နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ “Coex Food Week 2022” ကုန်စည်ပြပွဲကို ကျင်းပ လျက်ရှိရာ ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင် ဘာ ၂ ရက်တွင် ကျင်းပသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊    မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့      ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ     တက်ရောက်ခဲ့ပြီး တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ  သံအမတ်ကြီးက ကုန်စည်ပြပွဲသို့ လာရောက် ကြည့်ရှုအားပေးခဲ့သည်။

 


ကုန်စည်ပြပွဲတွင် နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များမှ ပြခန်းပေါင်း ၁၄၀၀ ဖြင့် ဝင်ရောက်ပြသလျက်ရှိပြီး မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံမှ    စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၀ ခုသည် သစ်သီးခြောက်၊ ငရုတ် သီးအမျိုးမျိုး၊ ကော်ဖီ၊ နှမ်းလှော်မှုန့်၊ ပျားရည်၊ ဆန်ပြုတ်၊      လက်ဖက်ခြောက်အမျိုးမျိုး၊ ယိုအမျိုးမျိုးနှင့်      ဖျော်ရည်အမျိုးမျိုးတို့ကို ပါဝင်ပြသလျက်ရှိသည်။

 


ကုန်စည်ပြပွဲသို့ ကိုရီးယားသမ္မတနိုင်ငံ နှင့် နိုင်ငံတကာမှ လေ့လာကြည့်ရှုဝယ်ယူသူ များအနေဖြင့်  ခင်းကျင်းပြသလျက်ရှိသည့် မြန်မာစားသောက်ကုန်များကို စိတ်ဝင်တစား လာရောက်ကြည့်ရှုကြပြီး ကိုရီးယားစီးပွား ရေးလုပ်ငန်းရှင်များနှင့် အပြန်အလှန် အကျိုး ရှိစေမည့်  Business  Matching  များကို လည်း    ဆောင်ရွက်လျက်ရှိကြောင်း    သိရ သည်။


သတင်းစဉ်