
နေပြည်တော် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ်၌ ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကုန်းနီကျေးရွာရှိ မိုင်းယီထွန်း (ခ) အားရန် ၏ ကြက်မွေးမြူရေး ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်း ရှိ TIPPER မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ ဆပ်ပြာ ခွက် ၁၈၁၅ ခွက်ဖြင့် ထည့်ထား သော ဘိန်းဖြူ ၁၈ ဒသမ ၁၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ နှင့် ဆိုင်ကယ် နှစ်စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်များ အရ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ်သို့ သယ်ဆောင်ခိုင်းသူ မိုင်းယီထွန်း (ခ) အားရန် (၃၉)နှစ် နှင့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် မောင်မောင် သန်း (၄၃) နှစ်၊ သန်းမြင့်သူ (ခ) ကိုသူ (၃၂) နှစ်၊ မသဇင်စိုး (ခ) သဇင် (၃၄) နှစ်၊ မောင်ရွှေ (၃၀) နှစ်၊ ထွန်းထွန်း (ခ) ပေါက်ပေါက် (၂၄) နှစ်တို့ ခြောက်ဦးကို ဥပဒေ အရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ (အောက်ပုံ)
သတင်းစဉ်