
စဉ့်ကိုင် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် မြို့မစျေးအတွင်း မီးဘေး လုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးငြှိမ်းသတ်ရေး ပူးပေါင်း လေ့ကျင့်မှုကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက အဆိုပါစျေးအတွင်း၌ ပြုလုပ်သည်။
ဦးစွာ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြား ရေးမှူး ဦးစောလွင်အေးက စျေးအတွင်း မီးဘေးလုံခြုံရေး ကြည့်ရှု စစ်ဆေးပြီး မီးဘေးကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောသည်။
ထို့နောက် မီးသတ်အဖွဲ့ဝင်များက မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်နည်းကို ရှင်းလင်းပြသ၍ မီးငြှိမ်းသတ်နည်းကို စျေးသူ စျေးသားများက ပူးပေါင်းလေ့ကျင့်ဆောင်ရွက်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရာ၌ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးလှဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်၊ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်စိုးဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းစိုးလွင်နှင့် တာဝန်ရှိသူများ၊ စျေးသူ စျေးသားများ တက်ရောက် ကြကြောင်း သိရသည်။
မောင်ကျော်ကြီး