စနူကာနှစ်ယောက်တွဲ မြန်မာအတွဲ ပူးတွဲကြေးတံဆိပ်ဆုရရှိ

 

နေပြည်တော်   မေ  ၁၂ - ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း စနူကာ နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို မေ ၁၂ ရက်က ဆက်လက်ကျင်းပရာ မြန်မာအတွဲ ပူးတွဲ ကြေးတံဆိပ်ဆုရရှိခဲ့သည်။ မြန်မာအတွဲသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းနှင့် တွေ့ဆုံခဲ့ပြီး သုံးပွဲ-နှစ်ပွဲဖြင့် အရေးနိမ့်ခဲ့သဖြင့် မြန်မာအသင်းတွင် ဘုန်းမြင့်ကျော် (ခ) အားတီနှင့် နေမင်းထွန်းအတွဲ ယှဉ်ပြိုင်ခဲ့သည်။ ဘုန်းမြင့်ကျော်နှင့်   နေမင်းထွန်းသည်   စနူကာ တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်မည်ဖြစ်ပြီး မေ ၁၃ ရက် (ယနေ့) စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။                                                                   
   ရဲရင့်လွင်