
စံပယ်ပန်းလေးတွေ လန်းပါစေ
* ဝတ်စုံစိမ်းနဲ့ စံပယ်ဖြူ
ပျံ့သင်းတကြူကြူ၊
* တို့ကျောင်းတော်သူ အားကျလား
ခေါင်းမော်ဝင့်လို့ကြွား။
* သားသားမီးမီး လန်းကြည်ရွှင်
ကျောင်းတော်ကြီးသို့ဝင်။
* ဖော်ပေါင်းစုံလင် နံနက်ခင်း
ပန်းနံ့ကြိုင်လှိုင်သင်း။
* ပြေးလွှားဆော့ရင်း ချစ်ကြည်မော်
ကျောင်းတက်ပြုံးရွှင်ပျော်၊
* ကြိုးစားတော်သူ ပန်ဆင်မြန်း
ထွတ်မြတ်ပညာပန်း။ ။
အောင်လံမြေနေညိုညို