
ဘဂ္ဂဒတ် မတ် ၂
ကုလသမဂ္ဂနှင့် အီရတ်နိုင်ငံ တို့အကြား စည်းလုံးညီညွတ်မှုကို ပြသသည့် အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် အီရတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ပြီး မတ်လ ၁ ရက် က အီရတ် အဆင့်မြင့်အရာရှိကြီး များနှင့် တွေ့ဆုံခဲ့သည်။
အီရတ်နိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး များကို မြှင့်တင်ရန်နှင့် ဒီမိုကရက် တစ် အဖွဲ့အစည်းများအပေါ် ကုလသမဂ္ဂ၏ ထောက်ခံမှုကိုပြသ ရန် အီရတ်သို့ အလည်အပတ်လာ ရောက်ခြင်းဖြစ်ကြောင်း မစ္စတာ ဂူတာရက်စ်က အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှိယာ အယ်ဆူဒါနီနှင့် အတူပြုလုပ်သည့် ပူးတွဲသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
အီရတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ပြီး ကုလသမဂ္ဂနှင့် အီရတ်နိုင်ငံတို့ ၏ ဆက်ဆံရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် အီရတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အကူအညီ များ လိုအပ်မှုတို့ကို ဆွေးနွေးခဲ့ သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့အခွင့်အရေးတို့အတွက် အီရတ်နိုင်ငံ၏ ကြိုးပမ်းမှုကိုလည်း အသိအမှတ်ပြုကြောင်း ကြေညာ ချက်တွင် ဖော်ပြခဲ့သည်။
ရာသီဥတုဖောက်ပြန်မှုကို ခံရ သည့် နိုင်ငံများထဲတွင် အီရတ် နိုင်ငံလည်း အပါအဝင်ဖြစ်ရာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ ကို ကူညီရန်အတွက် အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းကို အကူ အညီ တောင်းခံကြောင်း မစ္စတာ ဂူတာရက်စ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဆင်ဟွာ