
နေပြည်တော် ဧပြီ ၃
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၇) သီဟ တပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေး ပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာ သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဇေယျကျော်ထင် ဦးအောင်အောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့်ဇနီး၊ ဗထူးတပ်နယ်မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘများနှင့် ဆွေမျိုးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) မှ နည်းပြများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြု ခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံ စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း သည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၂၇) မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၃၁၊ ဗိုလ်လောင်း ပိုင်ဟိန်းသူ အား ငွေဓားဆု ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) က သင်တန်းဆင်းမိန့်ခွန်း ပြောကြား ရာတွင် တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု နှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ပြီး အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ထားကာ တိုင်းရင်းသားပေါင်းစုံ ပါဝင်ဖွဲ့စည်းထား သည့် ပြည်ထောင်စု တပ်မတော်ကြီးဖြစ်ကြောင်း၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကစ၍ ယနေ့ အချိန်အထိ ခေတ်အဆက်ဆက်တွင် သမိုင်းအစဉ် အလာကောင်းများနှင့် လျှောက်လှမ်းလာခဲ့သည်မှာ ပြီးခဲ့သည့် မတ် ၂၇ ရက်တွင် “၇၉” နှစ် ပြည့်မြောက် ခဲ့ပြီးဖြစ်ကြောင်း။
လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက် ဆက် နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် အုပ်ချုပ်ခဲ့ရာတွင် ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် စသည့်ကာလများတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး မတည်ငြိမ်မှုများ၊ ပြည်ပကျူးကျော်စစ်များနှင့် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကို ကြုံတွေ့ခဲ့စဉ်တွင်လည်း တပ်မတော်သည် နိုင်ငံ တော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏လူမှုစီးပွားဘဝ လုံခြုံရေးတို့အတွက် တိုင်းရင်းသားပြည်သူများအရှေ့တွင် မားမား မတ်မတ်ရပ်တည်ပြီး သစ္စာရှိစွာ ကာကွယ်စောင့် ရှောက်ခဲ့သည်ကို သမိုင်းမှတ်တမ်းတွင် အထင်အရှား ရှိခဲ့ပြီးဖြစ်ကြောင်း။
တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ပင်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ခေါင်းဆောင် များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အတွက် တပ်စုတစ်စုကို ဦးဆောင်ကွပ်ကဲရမည့် သူများအနေဖြင့် ခေါင်းဆောင်မှု ပညာရပ်များကို နားလည်တတ်ကျွမ်းထားရန် လိုအပ်ကြောင်း၊ စစ်မြေပြင်တိုက်ပွဲများသည် အသက်၊ သွေး၊ ချွေး များကိုရင်းနှီးပြီး စွန့်စားဆောင်ရွက်ရသည်ဖြစ်၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်ရန် ခေါင်းဆောင်၏ အရည်အသွေး အခန်းကဏ္ဍသည် အလွန့်အလွန် အရေးကြီးကြောင်း၊ ခေါင်းဆောင်၏စိတ်ဓာတ်နှင့် စီမံခန့်ခွဲမှုသည် စစ်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေး သည့် အဓိက အကြောင်းအရာပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ ဦးဆောင်မှုကောင်းပါက နောက်လိုက် စစ်သည်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်လာပြီး တပ်ဖွဲ့တစ်ခုလုံး၏ စည်းလုံးညီညွတ်မှု အင်အားက တစ်ဆင့် တိုက်စွမ်းရည်ကောင်းကို ရရှိစေမည်ပင် ဖြစ်ကြောင်း။
ခေါင်းဆောင်မှုအင်္ဂါရပ်နှင့် ပြည့်စုံနေရန်လို
စစ်မှန်သည့်ခေါင်းဆောင်သည် ကိုယ်တိုင် စံနမူနာပြ နေထိုင်ကျင့်ကြံပြောဆိုပြီး လက်အောက် ငယ်သားများ၏ ယုံကြည်အားကိုးမှုနှင့် ချစ်ခင် လေးစား အသိအမှတ်ပြုမှုကို ရယူနိုင်သည့်သူများ ဖြစ်ကြောင်း၊ ထိုသို့ အရည်အချင်းများရရှိစေရန် အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်ရမည့်သူများအနေဖြင့် ယနေ့ကစ၍ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ရပ်နှင့် ပြည့်စုံနေရန်လို ကြောင်း၊ ထို့ကြောင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များအပေါ်တွင် မှန်ကန်သည့် ခေါင်းဆောင်မှုနှင့်အတူ မိဘသဖွယ်စိတ်ဓာတ်၊ ခေါင်းဆောင်သဖွယ် စိတ်ဓာတ်တို့နှင့် စည်းကမ်း တကျ ကွပ်ကဲအုပ်ချုပ်မှသာ အောင်မြင်မှုကိုရရှိနိုင် မည်ဖြစ်ကြောင်း၊ လက်အောက်ကို ကွပ်ကဲအုပ်ချုပ် သည့်နေရာတွင် ဖြောင့်မတ်မှန်ကန်ပြီး ကျောသား ရင်သားမခွဲခြားဘဲ အဂတိကင်းစွာဖြင့် ကွပ်ကဲ အုပ်ချုပ် ဦးဆောင်မှုပေးသွားကြရန်လိုကြောင်း။
နိုင်ငံတော်ကို ကာကွယ်ရန်ဆိုသည့် အခြေခံ စိတ်ဓာတ်နှင့် တပ်မတော်ကို မိမိသဘောဆန္ဒ အလျောက် ဝင်ရောက်လာခဲ့ကြသည့်သူများသည် ရှိပြီး အခြေခံစိတ်ဓာတ်ကို ပိုမိုကြံ့ခိုင်မာကျောအောင် စဉ်ဆက်မပြတ် တည်ဆောက်ကြရင်း တစ်ဖက်က လည်း မိမိဦးဆောင်ရသည့်တပ်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားများ ပြည့်စုံအောင် လေ့ကျင့်စီမံ ဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ တိုက်စွမ်းရည် ပြည့်ဝစေရန် စွမ်းရည်ထက်မြက်ပြီး အရည်အချင်း ပြည့်ဝသည့် စစ်သည်များဖြစ်အောင် အဆင့်နှင့် လျော်ညီသည့် စစ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရမည်ဖြစ်သည့်အပြင် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဆိုသည့် တပ်တိုင်း၊ ရဲဘော်တိုင်းရှိရမည့် အခြေခံ အရည်အချင်း (၅) ပါးနှင့် ပြည့်ဝနေအောင် အမြဲ လေ့ကျင့်နေရမည်ဖြစ်ကြောင်း။
တပ်မတော်၏အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်
ထို့အပြင် ဒို့တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာ (၁၂) ရပ်ကို လိုက်နာစောင့်ထိန်းပြီး စွမ်းရည်သုံးရပ် ထက်မြက်လာအောင် ကြိုးပမ်း အကောင်အထည်ဖော်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ အစဉ်အလာ (၁၂) ရပ်တွင် မျိုးချစ် စိတ်ဓာတ်သည် အဓိကကျကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှိသူသည် စည်းကမ်းကောင်းခြင်း၊ သစ္စာရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ စွမ်းရည်ရှိခြင်း၊ စွန့်လွှတ် စွန့်စားတတ်ခြင်း၊ တစ်ဦးချင်းကိုယ်ကျိုးကို ပဓာန မထားတတ်ခြင်း၊ စိတ်ဓာတ်မြင့်မြတ်ခြင်း၊ အခက် အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိခြင်း၊ အပင်ပန်းဆင်းရဲခံနိုင်ခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်း ဦးထိပ်ပန်ဆင် ခြင်းစသည့် အစဉ်အလာများကို အလွယ်တကူ သယ်ပိုးသွားနိုင်မည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏ အစဉ်အလာကောင်းများကို ကိုယ်တိုင် နှင့် လက်အောက်အကြပ်စစ်သည်များကိုပါ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း။
သင်တန်းကာလတွင် စစ်နည်းဗျူဟာ၊ ခေါင်း ဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင် အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် အခြားဘာသာရပ် များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားခဲ့ပြီး ဖြစ်ကြောင်း၊ နည်းပညာတိုးတက်မှု မြန်ဆန်သည့် ယနေ့ခေတ်တွင် စစ်မှုဆိုင်ရာ အတတ်ပညာနှင့် စစ်နည်းဗျူဟာများသည် သမားရိုးကျမဟုတ်ဘဲ တိုးတက်မြင့်မားလျက်ရှိကြောင်း၊ ထို့ကြောင့် သင်ကြားပေးလိုက်သည့် အတတ်ပညာများနှင့် တင်းတိမ်ရောင့်ရဲမနေဘဲ ဆက်လက်လေ့လာသွား ကြရန်လိုကြောင်း၊ လက်တွေ့နယ်ပယ်တွင် တာဝန် ထမ်းဆောင်ကြသည့်အခါ ကြုံတွေ့ရမည့် အခက် အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ရန်အတွက် သင်ကြားထားသည့် သီအိုရီ (Theory)များကို အတွေ့ အကြုံ၊ ဗဟုသုတများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက် သွားကြရမည်ဖြစ်သကဲ့သို့ မိမိထက် အတွေ့အကြုံရှိ သည့် အရာရှိများထံကလည်း လေ့လာဆည်းပူး ကြရန် လိုအပ်ကြောင်း။
အမြဲလေ့ကျင့်နေရန်လိုအပ်
တပ်မတော်သားများအနေဖြင့် တိုက်စွမ်းရည် ရှိပြီး အရည်အချင်းပြည့်ဝစေရန်အတွက် “အမြဲတမ်း လေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမည်’’ ဆိုသည့် မြဲသုံးမြဲနှင့်လည်း ပြည့်စုံနေရန် လိုအပ်ကြောင်း၊ လေ့ကျင့်ရေးသည် တစ်ဦးချင်း လေ့ကျင့်ရေးနှင့် အဖွဲ့လိုက် လေ့ကျင့်ရေးဆိုပြီး အခြေခံအားဖြင့် နှစ်မျိုးရှိကြောင်း၊ ရက်သတ္တပတ် ၃၆ ပတ်ကြာ တက်ရောက်ခဲ့သည့် တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း(ဗထူး)က တစ်ဦးချင်းနှင့် အဖွဲ့ လိုက်အနေနှင့်ပါ လိုက်ပါလုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေးလိုက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် “အရေအတွက်မှ အရည်အချင်းသို့’’ ဆိုသည့် လေ့ကျင့်ရေး မူဝါဒနှင့်အညီ တစ်ဦးချင်းမှသည် တပ်မတော်တစ်ရပ်လုံး စွမ်းဆောင်ရည် မြင့်မားစေ ရန် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်’’ ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ် အတိုင်း မိမိဦးဆောင်ရသည့် တပ်စု၊ တပ်ဖွဲ့များကို အမြဲလေ့ကျင့်နေရန် လိုအပ်ကြောင်း၊ ထို့အပြင် တပ်မတော်သားတစ်ယောက် ဖြစ်သည်နှင့်အညီ ပေးအပ်လာသည့်တာဝန်များကို အချိန်မရွေး၊ နေရာ မရွေး ထမ်းဆောင်နိုင်ရမည်ဖြစ်၍ ကျန်းမာကြံ့ခိုင်မှု ရှိအောင်၊ ကိုယ်ခံစွမ်းအားပြည့်ဝအောင် နေထိုင်ကြ ရမည်ဖြစ်ကြောင်း။
စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုး မဏ္ဍိုင်ဖြစ်ခြင်းကြောင့် ထုတ်ပြန်ထားသည့် တိုက်တွန်း ချက်နှင့် တားမြစ်ချက်များကိုလည်း မိမိကိုယ်တိုင် သိရှိလိုက်နာကြရမည်ဖြစ်ပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ရှိ အကြပ်စစ်သည်များလည်း သိရှိလိုက်နာ အောင် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း၊ စည်းကမ်း များကို တိကျစွာလိုက်နာသည့်သူသည် အမိန့်နာခံမှု လည်း ရှိလာမည်ဖြစ်ပြီး စိတ်ဓာတ်ကောင်းမွန်ပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူသည်လည်း စစ်စည်း ကမ်းနှင့် အမိန့်များကိုအလိုလို လိုက်နာပြီးဖြစ် သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးပြင်းလာကြသည့် မြန်မာနိုင်ငံသားများဖြစ်ခြင်းကြောင့် နယ်ဘက် ဥပဒေများကို စောင့်ထိန်းရသည့်အပြင် တပ်မတော်သား ဘဝကို ခံယူထားခြင်းကြောင့် စစ်ဘက်ဥပဒေများ ကိုလည်း အဓိကလိုက်နာရသူများဖြစ်ကြောင်း၊ ထို့အပြင် တန်းပြည့်စစ်မှုထမ်းဆောင်ချိန်တွင် လည်း နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေနှင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement- ROE)များကိုလည်း တိကျစွာ လိုက်နာသွားရမည်ဖြစ် ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်း သည် ရေရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက်တာဝန် များကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စည်းကမ်းကောင်းပြီး အမိန့်နာခံမှုကောင်းသည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကိုလည်း တပ်ဖွဲ့ကောင်းတစ်ရပ်ဖြစ်အောင် တည်ဆောက်သွားကြရန် မှာကြားလိုကြောင်း။
နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်
အောင်မြင်သည့် ခေါင်းဆောင်ကောင်းများ၏ နောက်တွင် အရည်အချင်းပြည့်ဝသည့် နောက်လိုက် ကောင်းများစွာရှိကြောင်း၊ စစ်မှုရေးရာများနှင့် ပတ်သက်၍ ခေါင်းဆောင်မှုပေးရာတွင် ပြတ်သား သည့် ခေါင်းဆောင်မှုမျိုးဖြစ်ရန်လိုကြောင်း၊ အောင်မြင် သည့် ခေါင်းဆောင်ကောင်းဖြစ်ရန်အတွက်လည်း နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်မည်ဆိုသည့်အတိုင်း တပ်မတော်အပေါ်တွင် သစ္စာရှိပြီး တာဝန်ကျေပွန်သည့် နောက်လိုက်ကောင်း တစ်ဦး ဖြစ်အောင်လည်း တစ်ချိန်တည်း တစ်ပြိုင် တည်း ကြိုးစားသင်ယူ လုပ်ဆောင်ကြရန်လိုကြောင်း။
သစ္စာ ၄ ချက်ကို နေ့စဉ်ရွတ်ဆိုသူများဖြစ်သည့် အတွက် နိုင်ငံတော်နှင့် တပ်မတော်အတွက် တာဝန် ထမ်းဆောင်ရာတွင် သစ္စာ ၄ ချက်ကို စွဲမြဲမှတ်သား ပြီး စာသားတစ်လုံးချင်းစီ၏ အဓိပ္ပာယ်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှ ယနေ့အထိ တိုင်းပြည်၏ အမျိုးသားနိုင်ငံရေးတာဝန် များကို ကျရာအခန်းကဏ္ဍအလိုက် စွန့်လွှတ်စွန့်စား စွာဖြင့် အမှုထမ်းခဲ့ကြသည့် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ တာဝန်ကျေပွန်မှုနှင့် သစ္စာစောင့်သိမှုများကို မိမိတို့တပ်မတော်သားများ နေ့စဉ်ရွတ်ဆိုသည့် သစ္စာအဓိဋ္ဌာန် ၄ ချက်နှင့်အညီ ဆက်လက်စောင့်ထိန်း လိုက်နာသွားရန်လိုကြောင်း။
ပေးအပ်သည့်အမိန့်နှင့်တာဝန်များ
ကျေပွန်အောင်ထမ်းဆောင်
တပ်ကို ကွပ်ကဲတည်ဆောက်ရာတွင် တပ် တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်ဖြစ်သည့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့ဖြင့် တည်ဆောက်သွားရမည်ဖြစ် ကြောင်း၊ ထိရောက်သည့် လေ့ကျင့်ရေးက ကြံ့ခိုင် သန်စွမ်းမှုနှင့် ကျွမ်းကျင်မှုကိုရရှိစေပြီး ယုံကြည်မှု မြင့်မားကာ အောင်စိတ်ကို ရရှိစေသကဲ့သို့ ပေးအပ် သည့်အမိန့်နှင့်တာဝန်များကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်စွမ်းရှိစေမည်ဖြစ်ကြောင်း၊ ညီညွတ် မျှတမှန်ကန်သည့် အုပ်ချုပ်ရေးသည် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများကို အဆင် ပြေချောမွေ့စေရုံသာမက အမှုအခင်း လျော့နည်းရေး နှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးတို့ကို ခိုင်မာစေ မည်ဖြစ်ကြောင်း၊ ထို့အပြင် လူ့သဘောသဘာဝကို သိရှိပြီး စစ်သည်မိသားစုများ၏ သက်သာချောင်ချိရေး ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းသည် တပ်နေပျော်ပြီး စစ်တိုက်တော်လာစေမည်ဖြစ် ကြောင်း၊ ထိုသို့ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် သက်သာချောင်ချိရေး လုပ်ငန်းများကို မှန်ကန်မျှတစွာ ဆောင်ရွက်ပေးခြင်းဖြင့် စစ်သည်များ၏ စိတ်ဓာတ် သည် ပိုမိုခိုင်မာအားကောင်းစေပြီး စစ်သည်တိုင်း တိုက်ပွဲဝင်လိုစိတ် အစဉ်အမြဲ ရှိနေမည်ပင်ဖြစ် ကြောင်း၊ တိုက်ပွဲဆိုသည်မှာ ရန်သူနှင့် မိမိတပ်များ၏ တိုက်ပွဲဝင်လိုစိတ်နှင့် အောင်ပွဲခံလိုစိတ်တို့ ယှဉ်ပြိုင် နေခြင်းပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တုံးတိုက် တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက် ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ ရဲ(၃)ရဲ၊ မြဲ(၃)မြဲတို့သည် စစ်ကဏ္ဍကြီး (၄) ရပ်လုံး၏ အောင်မြင်မှု သော့ချက်များဖြစ်ကြောင်း။
စိတ်ဓာတ်ကောင်းသည့် ခေါင်းဆောင်သည် မည်သည့်စည်းကမ်းနှင့် အမိန့်ကိုမဆို လိုက်နာနိုင် သူများဖြစ်ကြောင်း၊ တစ်ဦးချင်းစိတ်ဓာတ်ကောင်း အောင်လေ့ကျင့်နိုင်ပါက အဖွဲ့လိုက်လည်းကောင်းလာ မည်ဖြစ်ပြီး တိုက်စွမ်းရည်ကို ရရှိလာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကောင်းမွန်စေရန်အတွက် တပ်မတော်၏ သမားစဉ်လုပ်ငန်းများကို သတ်မှတ်ချိန်များအတိုင်း မိမိကစ၍ လက်အောက်ငယ်သားများပါ လိုက်ပါ ဆောင်ရွက်အောင် အမြဲကွပ်ကဲကြပ်မတ်နေရမည် ဖြစ်ကြောင်း၊ ထိုသို့ လေ့ကျင့်မှု၊ အုပ်ချုပ်မှု၊ သက်သာ ချောင်ချိမှုနှင့် စိတ်ဓာတ်ခိုင်မာ ကောင်းမွန်မှုများဖြင့် တပ်ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း။
လူကောင်းလူတော်ဖြစ်ရန်ကြိုးပမ်း
တပ်တစ်တပ်၏ တိုက်စွမ်းရည်ထက်မြက်ရန် အတွက် စစ်သည်အဆင့်တန်းအားလုံး တစ်ဦးချင်း လေ့ကျင့်ရေးနှင့် အဖွဲ့လိုက်လေ့ကျင့်ရေးကိုပါ ပီပြင် အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ ကိုယ်စီ တာဝန်လေ့ကျင့်ရေး ကျွမ်းကျင်မှုမှသည် တပ်စိတ်၊ တပ်စု၊ တပ်ခွဲ နောက်ဆုံးတပ်မတော်ဆိုသည့်အဖွဲ့ အစည်း၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ အောင်မြင်စွာထမ်းဆောင် နိုင်သည်အထိ စစ်ပညာရပ်များကို လေ့ကျင့်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ကြီးလေး သည့် တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကို ပေးအပ်သည့် တာဝန်နှင့်ပတ်သက်ပြီး အစဉ်အလာ ကောင်းများ ရေးထိုးနိုင်ရန်ကြိုးစားရမည်၊ ပေးအပ် သည့်တာဝန်များကို ထမ်းဆောင်ရာတွင်လည်း မိမိ လုပ်ဆောင်မှုကို ပေါ်လွင်ထင်ရှားအောင် လုပ်ပြ နိုင်ရန် လိုအပ်သကဲ့သို့ လုပ်ထားမှန်း သိအောင် လည်း လိမ္မာပါးနပ်စွာတင်ပြတတ်ရမည်၊ တာဝန် ထမ်းဆောင်ရာတွင်လည်း လူတော်လူကောင်းဖြစ် ရန်နှင့် လူကောင်းလူတော်ဖြစ်ရန်လည်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူတော်ပြီး လူမကောင်းပါက ကာယကံရှင်နှင့် မိသားစုများပါ ပြဿနာမြောက်မြားစွာနှင့် ရှုပ်ထွေးမှုဖြစ်စေခြင်း၊ လူကောင်းပြီး လူမတော်ပြန်ရင်လည်း ပေးအပ် သည့် ရည်မှန်းချက်များ အောင်မြင်စွာ အဆုံးသတ် စေမည့် ကိုယ်ပိုင်အရည်အချင်းနှင့် အရည် အသွေးပါ အားနည်းသည့်အတွက် ဘက်စုံတိုးတက်မှု အကောင်အထည် မဖော်နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေ သည့်အတွက် လူလည်းတော်၊ စိတ်ဓာတ်လည်း ကောင်းမွန်သည့် ခေါင်းဆောင်ငယ်များဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” သွားကြရန် မှာကြား လိုကြောင်း။
စည်းလုံးညီညွတ်ရန်လိုအပ်
နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုသည်မှာ နိုင်ငံ တွင်းတွင် နေထိုင်ကြသည့် ပြည်သူများအားလုံး၏ တာဝန်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်သည်လည်း အဓိက တာဝန်အရှိဆုံးဖြစ်သည်ကို သိရှိထားရန် လိုကြောင်း၊ ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်သားအားလုံးသည် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ မိမိတို့ တပ်မတော်သားတိုင်းသည် ပြဋ္ဌာန်းထားသည့် စစ်သည်တော်ကျင့်ဝတ် (၆၀) ပါး ကို တိကျစွာလိုက်နာနိုင်မှသာ တပ်တွင်း၊ တပ်ပြင် စည်းရုံးရေး အောင်မြင်နိုင်မည်ဖြစ်ပြီး တိုက်စွမ်း ရည်ကိုလည်း တိုးတက်မြင့်မားလာစေမည်ဖြစ် ကြောင်း၊ စည်းရုံးရေးဆိုသည်မှာ မိမိဆောင်ရွက်လို သည့်လုပ်ငန်းကို လက်အောက်မှ ၎င်းတို့၏စိတ်ဆန္ဒ အတိုင်း လိုက်ပါလုပ်ဆောင်စေခြင်းပင် ဖြစ်ကြောင်း၊ အရေးပေါ်မှထပြီး လုပ်ဆောင်ရသည့် လုပ်ငန်းမဟုတ် ဘဲ အချိန်နှင့်အမျှ လုပ်ဆောင်နေရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ခြင်းကြောင့် စဉ်ဆက်မပြတ် ပီပီပြင်ပြင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ယနေ့အချိန်တွင် ပြည်ပနိုင်ငံကြီးအချို့နှင့် ပြည်တွင်း၊ ပြည်ပအကြမ်းဖက်သမားများသည် Media ကို လက်နက်အဖြစ်အသုံးချပြီး တပ်မတော်သားများ နှင့် မိသားစုဝင်များ၏ ကျောက်သားကျောက်စိုင်ပမာ မယိမ်းမယိုင် ကျစ်လျစ်ခိုင်မာစွာနှင့် တပ်မတော် အပေါ်ထားရှိသည့်စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူ ချက်များ ပျက်ပြားစေရန်နှင့် စွန့်လွှတ်စွန့်စားစွာဖြင့် ပြည်သူများ၏ရှေ့မှ တိုက်ပွဲဝင်နေသည့် အရာရှိ၊ စစ်သည်များ၏ တိုက်ပွဲဝင် စိတ်ဓာတ်၊ တစ်နည်း အားဖြင့် တိုက်စွမ်းရည်များ ကျဆင်းစေရန်အတွက် နည်းလမ်းမျိုးစုံသုံးပြီး တပ်တွင်း စည်းလုံးညီညွတ်မှုပြိုကွဲစေရေးနှင့် တပ်မတော် အင်အားချည့်နဲ့စေရေး တို့ကို ဦးတည်လုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။
ထို့ကြောင့် တပ်တွင်းစည်းရုံးရေးကို ရေပက်မဝင် ကျစ်လျစ်ခိုင်မာစွာ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံး မည်ဆိုသည့် ဆောင်ပုဒ်အတိုင်း တပ်ကိုတည်ဆောက် ရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ အဓိက လိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးတို့ကိုလည်း စဉ်ဆက်မပြတ်ကြည့်ရှုပြီး စေတနာထား လုပ်ဆောင် ပေးသွားရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင် မှု၊ ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်ရှိမှသာ တပ်တွင်းစည်းလုံးညီညွတ် ရေးသည် ပိုမိုကျစ်လျစ် ခိုင်မြဲနေမည်ဖြစ်ကြောင်း။
ထို့အပြင် တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင် လည်း ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် (၁၀) ပါးကို စောင့်ထိန်းလိုက်နာပြီး တာဝန်ထမ်းဆောင် ရမည့် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရပါကလည်း အချိန်မဆိုင်းဘဲ ကူညီဆောင် ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုပါ စေတနာထားဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက် ပေးရန်လိုကြောင်း။
တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်
ထိုသို့ ဆောင်ရွက်ရာတွင် ညီနောင်မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များအပါအဝင် လုံခြုံရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ပေါင်းစပ်ပြီး ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးခြင်း အားဖြင့် တပ်ပြင်စည်းရုံးရေး အားကောင်းအောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ တပ်ပြင်စည်းရုံး ရေးလုပ်ငန်းများကို ထိခိုက်စေမည့် မည်သည့် အပြုအမူ လုပ်ရပ်မျိုးကိုမဆို မိမိကိုယ်တိုင်နှင့် လက်အောက်ငယ်သားများကပါ လုံးဝမလုပ်မိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် အမြင်ကျယ်ကျယ် အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါကလည်း အချိန်နှင့်တစ်ပြေး ညီ စိစစ်ဆောင်ရွက်ပြီး စစ်ဘက်၊ နယ်ဘက်ဥပဒေ အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထိုသို့ပြဿနာကို ဖြေရှင်းဆောင်ရွက် ရာတွင်လည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြ ရန်လိုကြောင်း။
မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကိုကြည့်ပါက လူအင်အား၊ စီးပွားရေးအင်အား ကြီးမားသည့် နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်ရှိနေခြင်းကြောင့် နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာကို ပြည်သူ့ စစ်မဟာဗျူဟာအဖြစ် ဖော်ဆောင်ကျင့်သုံးလျက် ရှိကြောင်း၊ ပြည်သူလူထု၏ ယုံကြည်လေးစားအားကိုး မှုကို ရရှိစေရန်အတွက် တပ်မတော်သည် စွမ်းရည် ထက်မြက်ပြီး အင်အားတောင့်တင်းနေရန် လိုအပ် ကြောင်း၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်း ဖြစ်မှသာ ပြည်သူ့စစ်မဟာဗျူဟာများကို အကောင် အထည်ဖော်နိုင်မည်ပင်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ မဲမသမာမှုများ၊ ဖြတ်လမ်းနည်းနှင့် နိုင်ငံ့အာဏာကိုရယူရန်ကြိုးပမ်း မှုများကြောင့် နိုင်ငံ့တာဝန်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်မှ စတင်တာဝန်ယူ ထိန်းသိမ်းလျက် ယနေ့အချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ် ချမှတ်လျက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ အောင်မြင် စေရန်မှာ နိုင်ငံတော်အတွင်း လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းခြင်းတို့သည် မရှိမဖြစ်အရေးကြီးသကဲ့သို့ လုံခြုံတည်ငြိမ်အေးချမ်းမှလည်း နိုင်ငံရေးရည်မှန်း ချက် (၂) ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မည်ဖြစ်သကဲ့သို့ အန္တိမ ရည်မှန်းချက် ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ခြင်းများ ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာ သည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံ့တာဝန်ကို မလွှဲမရှောင်သာ စတင်တာဝန် ယူစဉ်က နိုင်ငံတော်အတွင်း နေရာအနှံ့ ဆန္ဒပြမှု၊ အကြမ်းဖက်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့် လျင်မြန်စွာထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသများနှင့် လမ်းပန်းဆက်သွယ်မှုဝေးလံပြီး အုပ်ချုပ်မှုအလှမ်း ဝေးကွာသည့်နေရာများ၌ လက်နက်ကိုင်ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုကို ကျေးရွာ၊ ရပ်ကွက်အလိုက်၊ နယ်မြေဒေသအလိုက် ဒေသခံ ပြည်သူများဆန္ဒဖြင့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း လျက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ယနေ့အချိန် ထိ ရှင်းလင်းဆောင်ရွက်နေဆဲဖြစ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြု
ထိုသို့ မိမိနယ်မြေဒေသအလိုက် ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွတ်ပြီး စည်းစနစ် ပိုမိုကျနသည့် ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မိမိနိုင်ငံ၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် လည်းကောင်း၊ ယနေ့မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ဖြစ်ပျက် နေသည့် ပဋိပက္ခ မြောက်မြားစွာ၏ အနေအထားပေါ် မူတည်၍လည်းကောင်း ပြဋ္ဌာန်းပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၌ အတည်ပြု အာဏာတည်စေခြင်းဖြစ်ကြောင်း။
အလားတူ နိုင်ငံတော်နှင့် တပ်မတော်အတွက် စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပြီးဖြစ်သည့် စစ်မှုထမ်းဟောင်းများ ကလည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ အခြေအနေနှင့် အချိန်အခါအရ လိုအပ်လာပြီဖြစ်၍ ပြန်လည်အမှုထမ်းဆောင်ခွင့်ပြုရန် တောင်းဆိုမှုများ အများအပြား ရရှိမှုပေါ်မူတည်လျက် အရန်တပ်ဖွဲ့ ဥပဒေကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်တွင် အာဏာ တည်စေခဲ့ကြောင်း။
အဆိုပါ ဥပဒေများသည် မိမိနိုင်ငံတစ်ခုတည်း တွင်သာ တီထွင်ဖန်တီး ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း လိုအပ်ချက်အရ လိုအပ်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေ၊ နည်းဥပဒေ နှင့် တရားဝင်ထုတ်ပြန် ဆောင်ရွက်ခြင်းဖြစ်၍ ဥပဒေ နှင့် နည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အတွက်တာဝန်ကျေသော နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့စစ်မှု ထမ်းဥပဒေကိုလည်း ကျေညက်အောင်လေ့လာပြီး တာဝန်ကျရာ ဒေသအသီးသီးတွင်ရှိကြသည့် သတ်မှတ်ချက် အကျုံးဝင်သူပုဂ္ဂိုလ်များနှင့် ဆက်နွှယ် ကြသည့် မိသားစုဆွေမျိုး အသိုင်းအဝိုင်းပါ သိရှိ နားလည်သဘောပေါက်အောင် စည်းရုံးပြောဆို အသိ ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်း သည်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာ များ၊ ရုပ်သံလွှင့်နှင့် ရေဒီယိုအစီအစဉ်များ အပါအဝင် သတင်းစာများမှတစ်ဆင့် အသိပေးအကြောင်းကြား နေသော်လည်း ဥပဒေနှင့်နည်းဥပဒေပါ အချက် အလက်များကို အကြောင်းအမျိုးမျိုးကြောင့် မလေ့လာမိ၊ မသိရှိပါက အကြမ်းဖက်အဖွဲ့အစည်း အသီးသီးနှင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်း အသီးသီးတို့၏ မမှန်မကန် လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှု အပေါ် ဥပဒေမဲ့လိုက်ပါလုပ်ဆောင်ခဲ့မိပါက မိမိ ကိုယ်ပိုင်ဘဝ၊ မိသားစုဘဝတို့သည်လည်း အကြောင်းမဲ့ တောထဲ၊ တောင်ထဲတွင် စတေးခံကြရမည့်အဖြစ်ဆိုး မှလည်း ကယ်တင်နိုင်မည်ဖြစ်၍ အသိနှင့်ယှဉ်ပြီး ပြောဆိုစည်းရုံးကြရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် နည်းဥပဒေတို့အား မသိနားမလည်သူများ အပေါ် ဥပဒေနှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင် မှုမှတစ်ဆင့် ငွေကြေးနှင့် အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုကြောင်း။
မိမိနိုင်ငံသည် ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် တွင် သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပြီး အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တို့ အုပ်ချုပ်ခဲ့သည့်အချိန်မှ စတင်ကာ တောင်တန်းနှင့် ပြည်မဒေသကို ဖွံ့ဖြိုးတိုးတက်မှု ကွာခြားအောင် သွေးခွဲအုပ်ချုပ်ခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထိုသို့သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ် လာသည့် မညီညွတ်မှုများသည် သမိုင်းအမွေဆိုး အဖြစ် ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များအထိ ကျန်ရှိနေပြီး တိုင်းရင်းသားဒေသများတွင် လက်နက် ကိုင်သောင်းကျန်းမှုများ မချုပ်ငြိမ်းနိုင်ဘဲ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့သဖြင့် အိမ်နီးချင်း နိုင်ငံများထက် နောက်ကျကျန်ခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း။
ဆက်လက်ညှိနှိုင်းဆွေးနွေးလျက်ရှိ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ် အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်မှုအပေါ် ဆောင်ရွက် သင့်သည်များ၊ ဆောင်ရွက်နေမှုများကို မှာကြားပြီး ဖြစ်သကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီး တို့ကို ဖွဲ့စည်းပြီး တစ်ဖက်တစ်လမ်းက ကြိုးပမ်း ဆောင်ရွက်နေမှုများကိုလည်း အသိပေးလိုကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင် ရေးအတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာ တွင် သဘောတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တွဲသည့်လက် မြဲခိုင်စေရန်၊ စိုသည့်လက် မခြောက် စေရန်၊ မူလကပင် သဘောထားအမြင်နှင့် စိတ် စေတနာပါ မှန်ကန်သည့် EAO များနှင့်လည်း ဆက်လက်ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး အတွက် အမြဲတမ်းပွင့်လင်းမြင်သာစွာ ဆွေးနွေး နိုင်ရေး ဖိတ်ခေါ်လျက်ရှိပြီး လက်မှတ်ရေးထိုးရန် ကျန်သည့်အဖွဲ့များကိုလည်း NCA လမ်းကြောင်းအပါ အဝင် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် မိမိတို့၏ လိုလားချက်များကို တရားဝင်တောင်းဆိုခွင့်ရရှိရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်း မြင်သာစွာ ဆွေးနွေးလျက်ရှိကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများတွင် လည်း မိမိတို့ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ရပ်ပါအတိုင်း လိုက်ပါလုပ်ဆောင်ပြီး လက်အောက်ငယ်သားများကို မှန်ကန်သည့် ခေါင်းဆောင်မှုပေး၍ နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့် ရည်မှန်းချက်တာဝန် များကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင် သွားကြရန်၊ တပ်မတော်၏ ကောင်းမြတ်သည့် အစဉ် အလာကောင်းများကို လက်ဆင့်ကမ်းပြီး သစ္စာ ၄ ချက် ကို အသက်နှင့်ထပ်တူ စောင့်ထိန်းသွားကြရန်၊ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို ပိုမိုကျစ်လျစ် ခိုင်မာပြီး ရေပက်မဝင်သည့် စည်းရုံးရေးကို တည် ဆောက်နိုင်ရေး စစ်သည်တော်ကျင့်ဝတ် (၆၀) ပါး နှင့်အညီ နေထိုင်လုပ်ဆောင်သွားကြရန်၊ “အနာဂတ် ၏ စစ်ခေါင်းဆောင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အနာဂတ် တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသော ခေါင်းဆောင်များဖြစ် အောင် အစဉ်ကြိုးစား ဆောင်ရွက်သွားကြရန်လို ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကားပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ ရိပ်သာခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများအားတွေ့ဆုံ၍ ဂုဏ်ပြု အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်