
(၇၉)နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုဆောင်းပါး
မိုးမြင့်
ယနေ့မြန်မာ့တပ်မတော်ဟာ ပထဝီနိုင်ငံရေး အရ နယ်မြေချဲ့ထွင်လိုတဲ့ ပြည်ပဖိအားတွေကို အန်တု ရင်း ဘယ်ခေတ်နဲ့မှမတူတဲ့ ပြည်တွင်းလက်နက်ကိုင် ပေါင်းစုံနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်၊ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကို ရင်ဆိုင် နေရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာ ပွန်းပဲ့ပါ မသွားအောင် ကြိုးစားကာကွယ်နေရသလို ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးမသွား အောင်လည်း စောင့်ရှောက်ကာကွယ်ပေးနေရတယ်၊ အသက်သွေးချွေး အမြောက်အမြား စွန့်လွှတ် ပေးဆပ်မှု အရင်းအနှီးကြီးကြီးနဲ့ကို ပြည်သူအတွက်၊ နိုင်ငံအတွက် ပေးဆပ်နေရခြင်း ဖြစ်ပါတယ်။
နိုင်ငံရဲ့အရှေ့မြောက်ဒေသမှသည် အနောက် မြောက်၊ အနောက်၊ အရှေ့နဲ့ အရှေ့တောင်၊ စစ်ကိုင်း၊ မကွေးစတဲ့ နိုင်ငံအနှံ့ပတ်ချာလည်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်းစုံကို ဆင်နွှဲနေရာမှာ ပြည်ဖျက် လက်နက်ကိုင် ရောင်စုံသောင်းကျန်းသူ တစ်ဖွဲ့ တစ်ဖွဲ့ အင်အားထောင်သောင်းဂဏန်းချီပြီး နေ့စဉ် နဲ့အမျှ အပြင်းအထန်တိုက်ခိုက်နေရခြင်း ဖြစ်ပါ တယ်။ ယခင်ကလို တစ်ဖွဲ့တစ်ခုတည်းနဲ့ နယ်မြေ တစ်ခုတည်းမှာ တိုက်ရတဲ့တိုက်ပွဲမျိုးတွေ မဟုတ် တော့ဘဲ ပြည်ပအထောက်အပံ့ခံ ခေတ်မီလက်နက် ပစ္စည်း အတောင့်တင်းဆုံးအင်အားနဲ့ ပွဲထွက်လာတဲ့ ရောင်စုံအကြမ်းဖက်လက်နက်ကိုင်တွေနဲ့ ရင်ဆိုင် ရတဲ့ အခြေအနေဟာ သာမန်တပ်မတော်တစ်ခုအနေ နဲ့ဆို ဘယ်လွယ်ပါ့မလဲ။
နားလည်တန်ဖိုးထားစေချင်
ပြည်သူကို တံတိုင်းလုပ်၊ လူနေအိမ်ခြေအကာ အကွယ်ယူ၊ မြို့တွင်းတိုက်ပွဲဖော်ဆောင် တိုက်တဲ့ လက်နက်ကိုင်နဲ့ ပြည်သူမထိခိုက်အောင် မြို့နဲ့ လူနေရပ်ကွက်ရှောင်ပြီး တိုက်ရတဲ့တပ်မတော်ကြား ယခုလို ခြားနားချက်က တပ်မတော်သားတွေရဲ့ အသက်တွေ ပိုပေးဆပ်ရစေတယ်။ ပြည်သူကို ကာကွယ်စောင့်ရှောက်ပြီး ဘေးကင်းရာဆီပို့ပေးတဲ့ တပ်မတော်နဲ့အရပ်သားယောင်ဆောင်ပြီး ပြည်သူ သဏ္ဌာန်အသွင်ယူတဲ့ သောင်းကျန်းသူ စေတနာ အရာ အများကြီး ကွာပါတယ်။
မြန်မာ့တပ်မတော်ဟာ ငြိမ်းချမ်းရေးကို အမြဲ လိုလားပေမယ့် နယ်မြေခွဲထွက်ရေး အကြောင်းပြ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသူတွေကြောင့် စစ်ပွဲ လည်း ပိုကြာနေရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒို့တာဝန်အရေးသုံးပါးနဲ့ NCA ကို လက်ကိုင်ထားတဲ့ တပ်မတော်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ဗန်းပြ ဥပဒေ မဲ့ လက်နက်ကိုင်တွေကြားက ပဋိပက္ခမှာ တပ်မတော် ကတော့ နိုင်ငံကံကြမ္မာအတွက်၊ အချုပ်အခြာ အတွက်၊ ပြည်သူအတွက် ကိုယ့်အလုပ်ကိုယ်လုပ်နေ ဆဲပါပဲ။ ယနေ့နိုင်ငံအခြေအနေက ခေါင်းဆောင်တွေ အမြော်အမြင်အားနည်းရင်၊ ပြည်သူတွေ မညီညွတ် ရင်၊ တပ်မတော်အင်အားမတောင့်တင်းရင် နိုင်ငံ အချုပ်အခြာပျက်ယွင်းပြီး တိုင်းပြည်က ခဏလေးနဲ့ ပြိုကွဲသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ယခုလိုအန္တရာယ်မျိုးကို ကာကွယ်နိုင်မယ့် လျှို့ဝှက်လက်နက်က အင်အားတောင့်တင်းပြီး သစ္စာရှိတဲ့တပ်မတော်နဲ့ ပြည်သူအားလုံးရဲ့ ညီညွတ် မှုပါပဲ။ ဒါကြောင့် တပ်မတော်ရဲ့တန်ဖိုး အထူးသဖြင့် စွန့်လွှတ်စွန့်စားစိတ်နဲ့ အသက်ပေးတာဝန်ထမ်းနေ ကြတဲ့ စစ်မှုထမ်းများရဲ့ နက်နဲတဲ့စိတ်ဝိညာဉ်ကို နားလည်တန်ဖိုးထားစေချင်လှတယ်၊၊
နိုင်ငံလုံခြုံရေးသာမက လူသားလုံခြုံရေး အတွက်ပါ
သူတို့ဟာ နိုင်ငံရဲ့ရတနာ နိုင်ငံ့သားကောင်း တွေပါပဲ။ တိုင်းပြည်ရဲ့လုံခြုံရေးအတွက် တစ်နေ့ ၂၄ နာရီတာဝန်ရှိနေသူတွေဖြစ်ပြီး အရေးကြုံတိုင်း ရှေ့တန်းထွက် တိုက်ပွဲဝင်ရသူတွေ ဖြစ်တယ်။ ပြည်သူကို ရန်သူလိုသဘောမထားတဲ့ သူတို့ဟာ စစ်မြေပြင်နဲ့ အကျွမ်းတဝင် ရင်းနှီးသူတွေဖြစ်ကြ ပေမယ့် စစ်ပွဲမဟုတ်တဲ့ စစ်ပွဲတွေကိုလည်း ဆင်နွှဲကြရ တယ်။ ယနေ့လိုကာလမျိုး နည်းပါးလွန်းတဲ့အချိန် လေးမှာပင် မိသားစုကို နွေးနွေးထွေးထွေးအချိန် မပေးနိုင်၊ သမိုင်းပေးတာဝန်အရ ပြည်သူတွေ အသက်ရှင်သန်ရပ်တည်နိုင်ရေး၊ လူမှုစီးပွားဘဝ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းနေရတယ်။ စားရေရိက္ခာမပြတ်အောင်၊ စားရေရိက္ခာဖူလုံအောင် နဲ့ လမ်းတံတားလို အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ တစ်တပ်တစ်အား ပါဝင် ထမ်းရွက်နေရတယ်၊၊ ရေကြီး၊ မုန်တိုင်း၊ မီးလောင်၊ သဘာဝဘေးအန္တရာယ်ကျရောက်တိုင်း အရေးပေါ် ကယ်ဆယ်ကြရတယ်။ ပြန်လည်ထူထောင်ရေး တွေမှာ မပါမဖြစ်ပါနေရပြီး အရှည်တည်တံ့တည်ငြိမ် မယ့် နိုင်ငံရေးဖြစ်စဉ်အသစ်တစ်ခု ဖြစ်ထွန်းရေးမှာ လည်း ပါဝင်ကူညီနေရတယ်။
ကိုဗစ် - ၁၉ ကူးစက်ကပ်ဘေး အပါအဝင် တိုင်းရင်းသားတွေရဲ့ကျန်းမာရေးကို စောင့်ရှောက် ကုသခြင်းတာဝန်ကပင် တပ်မတော်ရဲ့သမားစဉ် အလုပ်တစ်ခုဖြစ်နေပါပြီ။ ယခုလို သစ္စာရှိရှိပေးဆပ် မှုတွေကို လက်နက်ကိုင်တွေရဲ့စနက်ကြောင့် အမှန် တကယ် ဒုက္ခပင်လယ်ဝေရရှာတဲ့ တိုင်းရင်းသား ဒေသခံတွေက ပိုသိပိုနားလည်၊ ပိုတန်ဖိုးထားတာ တွေ့ရတယ်။ နယ်စွန်နယ်ဖျားက ရိုးသားတဲ့ တိုင်းရင်းသားတွေဆိုရင် တပ်မတော်သားတွေ အပေါ် အားကိုးရလို့ ပိုပြီးချစ်မြတ်နိုးကြတယ်။ ဒါကြောင့် တပ်မတော်သားတွေက သူတို့ရဲ့ဘဝနဲ့ ထပ်တူ စိတ်ဓာတ်ကောင်းစွာနဲ့ ယခုလိုပေးဆပ်မှု တွေအပေါ်မှာ ပြည်သူအားလုံးအနေနဲ့ တန်ဖိုး ထားစေချင်၊ အသိအမှတ်ပြုစေချင်ပါတယ်၊၊ ထိုသို့ သော တန်ဖိုးထားမှုကသာ တပ်မတော်သားတွေရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်ကို ပိုမိုမြင့်မားစေမှာ ဖြစ်ပါတယ်။
သူရဲကောင်းစိတ်ဓာတ်ဟူသည်
မြန်မာ့တပ်မတော်သားတွေဟာ သူရဲကောင်း ပီသသူတွေဖြစ်ကြသလို ခေတ်အဆက်ဆက် တပ်မတော်သမိုင်းမှာ စွန့်ဝံ့စွန့်စား အာဇာနည် အမြောက်အမြား ပေါ်ထွက်ခဲ့ကြဖူးတယ်။ ယခု မျက်မှောက်ဖြစ်စဉ်တွေမှာ ရန်သူက မိမိတို့တပ်ဖွဲ့ဝင် တွေရဲ့ စိတ်ဓာတ်ကို အကြိမ်ကြိမ်ရိုက်ချိုးပြနေတဲ့ကြားမှ စစ်မြေပြင်မှာ စစ်သားမာန်အပြည့်ရှိတဲ့ အရာရှိ ကြီး ငယ်၊ စစ်သည်သူရဲကောင်းများစွာ ထွက်ပေါ်လာနေခြင်းဟာ မြန်မာ့တပ်မတော်အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ ရန်သူဘက်က သာလွန် အင်အားနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ စစ်မြေ ပြင်မှာ အခြေအနေအရ ခွာစစ်ဆင်ရပြီး ရန်သူချီစစ် ကို ရပ်တန့်အောင် လုပ်နိုင်စွမ်းရှိခဲ့တယ်၊၊ ကိုယ့်စစ် သည်တွေရဲ့အသက်ကို ငဲ့ကွက်ပြီး ဆုတ်ခွာဖို့ အထက်က အမိန့်ပေးတာတောင် မိမိစခန်းကိုမစွန့်၊ အသေခံပြီး ကိုယ့်ငယ်သားတွေ ဘေးကင်းအောင် သေအတူရှင်မကွာရှိခဲ့ကြတဲ့ တိုက်ပွဲဝင်အရာရှိကြီး တွေရဲ့ သတ္တိနဲ့စစ်ရေးစွမ်းရည်၊ ရန်သူ့ထိုးစစ်ကို လက်နက်မချ၊ သေမြေကြီး ရှင်ရွှေထီးပမာ သူရဲကောင်းပီသစွာ ခုခံတိုက်ခိုက်ခဲ့တဲ့ အရာရှိငယ် တွေ၊ ရဲတပ်ဖွဲ့အရာရှိစစ်သည်တွေကို တွေ့ရမြင်ရ တာ အားရစရာပါ၊၊
ရာနဲ့ချီတဲ့ရန်သူရဲ့ ရက်ကြာရှည် ဝိုင်းပတ်ပိတ်ဆို့ ခံရတဲ့ စခန်းက မိမိစစ်သည်တွေ စိတ်ဓာတ်မပျက် ပြားအောင် လှုံ့ဆော်နိုင်ခဲ့တဲ့ စည်းရုံးရေးမှူး ခေါင်းဆောင်ကောင်းတွေအကြောင်း ကြားသိခဲ့ရ တယ်၊၊ ဒါဟာ စစ်သားပီသသူတွေကိန်းအောင်းရာ မြန်မာ့တပ်မတော်အတွက် အားရဂုဏ်ယူစရာဖြစ်ပါ တယ်။ ယခုလို စိတ်ဓာတ်မျိုးတွေကို ပြည်သူအားလုံး၊ တပ်မတော်သားအားလုံးက လေ့လာအတုယူသင့်ပါ တယ်၊၊ သို့ပေမယ့် ရန်သူပေါင်းစုံဟာ ပြည်ပဩဇာ ခံပြီး နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး လမ်းစဉ် လိုက်ကာ စစ်မီးတောက်အောင် အဆက်မပြတ် လုပ်ဆောင်နေတဲ့အတွက် ယနေ့ခေတ်အရာရှိ စစ်သည်တွေမှာ တိုက်လိုခိုက်လိုစိတ်နဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ သေရဲတဲ့စိတ်နဲ့ ဘယ်တော့မှ အလံဖြူမထောင်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးကိုတော့ သံမှို နှက်သလို ရိုက်သွင်းထားဖို့ လိုအပ်ပါမယ်။
နိုင်ငံချစ်စိတ်အစ စိတ်ဓာတ်ကောင်းတွေရှိနေသရွေ့
သူရဲကောင်းများစွာ မွေးဖွားရာ မြန်မာ့ တပ်မတော်မှာ ကမ္ဘာ့အခြားဘယ်တပ်မတော်နဲ့မှ မတူတဲ့အချက်တစ်ခုက ရှိနေတယ်၊ ခေတ်အဆက် ဆက်လိုအပ်ချက်အရ တိုက်ပွဲနဲ့မပြတ်တဲ့ တပ်မတော် တစ်ခုရဲ့ကံကြမ္မာဟာ လွတ်လပ်ရေးမရမီနဲ့ ရပြီး တောက်လျှောက် နိုင်ငံရေး ဒီရေအတက်အကျနဲ့ဆက်စပ်နေတဲ့အချက်ဟာ ထူးခြားချက်ပါပဲ။ အရှုပ် အထွေးများတဲ့ နိုင်ငံရေးပယောဂနဲ့အတူ အဘက် ဘက်က ပျက်စီးစေလိုတဲ့ နိုင်ငံရေးကွဲလွဲမှုတွေကြား၊ ဝါဒမှိုင်းတွေကြားမှာ တပ်မတော်ရဲ့ပုံရိပ်ဟာ အတော် အတန် ထိခိုက်ခဲ့ရပေမယ့် တပ်မတော်သားတွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံနဲ့ပြည်သူအတွက်၊ တပ်မတော်အတွက် အသက်စွန့်ဖို့ ဘယ်သောအခါမှ ဝန်မလေးခဲ့ကြသူတွေ ဖြစ်တဲ့အတွက် စွန့်လွှတ် ပေးဆပ်ရင်းနဲ့ စစ်မြေပြင်မှာ ကျန်ခဲ့ရသူတွေကို ကျွန်တော်တို့အားလုံးက မမေ့မလျော့ အလေးထား ဂုဏ်ပြုကြရပါမယ်။ သူတို့ဟာ အခြေအနေဆိုးတွေ အကြား တာဝန် အလွန်ကျေပွန်ခဲ့ကြပြီး အများအတွက် အနစ်နာခံခဲ့သူတွေ ဖြစ်ကြတယ်။ ပေးအပ်တဲ့ တာဝန်ကို ဦးဆွေးဆံမြည့်ထမ်းရွက်ရင်း တပ်မတော် အပေါ် ထာဝရသစ္စာရှိသူတွေလည်း ဖြစ်တယ်။ အမေ့ခံတွေမဟုတ်တဲ့အတွက် မမေ့နိုင်တဲ့သူတွေက တော့ ထာဝစဉ်ဂုဏ်ပြုလျက်ပါ။
အလေးဂရုပြုရမယ့်အချက်တစ်ခုက နောင်လာ နောက်သားတွေရဲ့နှလုံးသားမှာ ယခုလို နိုင်ငံချစ် စိတ်ထက်သန်ရှင်သန်နေဖို့ အမြဲပြောနေ၊ အမြဲ မျှဝေနေဖို့ လိုအပ်ခြင်းပါပဲ။ နိုင်ငံချစ်စိတ်ဆိုတာ ဒီနိုင်ငံမှာဖွားပြီး ဒီနိုင်ငံအကျိုးသယ်ပိုးတဲ့ နိုင်ငံ သားကောင်းတွေမှာသာရှိနိုင်တဲ့ စိတ်ဓာတ်မျိုး ဖြစ်ကြောင်း ယနေ့လူငယ်တွေ သိရှိထားသင့်ပါ တယ်။ လွတ်လပ်ရေးနဲ့အချုပ်အခြာကို ကာကွယ် စောင့်ရှောက်ပေးနေတဲ့ တပ်မတော်ကြီးကို ဂုဏ်ယူတတ်ရမှာဖြစ်ပြီး စစ်သည်တွေရဲ့ စွန့်လွှတ် ရဲတဲ့ သတ္တိဗျတ္တိကို ဂုဏ်ယူလေးစားနေအောင်၊ သူတို့တွေရဲ့ ပင်ပန်းဆင်းရဲမှုကို စာနာနားလည် နိုင်အောင်၊ တန်ဖိုးရှိရှိသေခြင်းနဲ့ တန်ဖိုးမဲ့သေခြင်း အကြား ခွဲခြားနားလည်အောင် သင်ကြားပြသ ပေးသင့်ပါတယ်။
သေပြီးမှသူရဲကောင်းဖြစ်တာမဟုတ်၊ မသေခင် ကတည်းက သူရဲကောင်းတွေအဖြစ် သတ်မှတ်ခံထိုက် သူတွေဖြစ်အောင် ကြိုးစားကြရမယ်။ အသက်ခန္ဓာ စွန့်လွှတ်ခဲ့တဲ့ တပ်မတော်သားတွေကို နမူနာယူပြီး နိုင်ငံရဲ့ ကာကွယ်ရေးခွန်အားဖြစ်တဲ့ ပညာတတ် သူရဲကောင်းတွေ ရှိနေသရွေ့ ငါတို့တိုင်းပြည်ဟာ ဘယ်တော့မှမကျဆုံးဘူးဆိုတဲ့ စိတ်ဓာတ်မျိုးကို ခေတ် အဆက်ဆက် လေ့ကျင့်မွေးမြူထားနိုင်ရပါမယ်။
ဘယ်လိုဖြစ်ဖြစ်ပါ၊ မြန်မာ့တပ်မတော်နဲ့ တပ်မတော်သားတွေကတော့ ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်၊ ခေတ်အဆက်ဆက် မပြီးဆုံးနိုင်တဲ့ ပဋိပက္ခများနဲ့ ဘေးအန္တရာယ် ကြုံတိုင်းမှာ မိမိတို့ရဲ့ အသက်သွေးချွေးခန္ဓာဝိညာဉ် တွေကို ပေးဆပ်နေကြဦးမှာပါ။ အရေးကြီးဆုံးက ကျွန်ုပ်တို့ရဲ့တပ်မတော်ကြီး ရုပ်ပိုင်း၊ စိတ်ဓာတ်ပိုင်း အင်အားတောင့်တင်းနေဖို့နဲ့ အချင်းချင်းသစ္စာရှိဖို့ အဓိကဖြစ်ပါတယ်။ သပ်လျှိုဖြိုခွဲ သွေးခွဲစကားတွေ ကို မယုံမိဖို့လိုပါတယ်။ စိတ်ဓာတ် ၊ စည်းကမ်း ၊ သစ္စာ၊ စည်းလုံး ဆိုတဲ့ ပေတံနဲ့ တိုင်းတာနိုင်တဲ့ အချက်တွေကို ပိုင်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းဟာ တပ်မတော်တစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု အာမခံချက်က တပ်မတော် လက်ထဲမှာပဲ ရှိပါတယ်။
နောက်ဆုံး နိုင်ငံနဲ့ပြည်သူကို အသက်ပေး ကာကွယ်ပေးနိုင်စွမ်းသည်လည်း တပ်မတော်မှာပဲ ရှိပါတယ်။ လက်ရှိအခြေအနေအရတော့ စစ်ကို မုန်းပေမယ့် ငြိမ်းချမ်းရေးကို ဖျက်ဆီး၊ စစ်မီးမွှေးသူတွေ ကြောင့် စစ်ကိုမတိုက်ချင်ဘဲ တိုက်နေရပါဦးမယ်။ အနိုင်အရှုံး မပြီးသေးတဲ့ပွဲမှာ ငြိမ်းချမ်းရေးကို လိုချင် လို့ စစ်ကိုဆက်လက်ဆင်နွှဲရပါဦးမယ်။ ကျူးကျော်မှု ကို ခုခံတွန်းလှန်ဖို့ ပြင်ဆင်ထားရပါမယ်၊ နယ်ချဲ့ကို ရင်ဆိုင်နိုင်အောင် အင်အားရှိရပါမယ်၊ မတရားမှုကို တားဆီးနိုင်ရပါမယ်။ သေချာတာတစ်ခုက နိုင်ငံနဲ့ ပြည်သူအတွက် အမျိုးဘာသာ သာသနာအတွက် ဆင်နွှဲရသော တရားသောစစ်ပွဲဖြစ်တဲ့အတွက် အောင်ပွဲသည် လက်တစ်ကမ်းမှာပဲ ရှိနေတယ်ဆိုတဲ့ ယုံကြည်ချက်ပါ၊၊ ထိုအချက်ကို အခိုင်အမာနှလုံးသွင်း ပြီး စိတ်ဓာတ်ခွန်အားများ တတ်နိုင်တဲ့ဘက်က ပေးကြ ရအောင်ပါ။ ဘယ်လိုတိုက်ပွဲဖြစ်ဖြစ် ပေးဆပ်အနစ်နာ ခံသူတွေရှိနေသရွေ့ အောင်ပွဲအလီလီရနေမှာပဲ ဖြစ်ပါတယ်။ ။
- Log in to post comments