စင်ကာပူနိုင်ငံ၌ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုမည်

စင်ကာပူ   မေ   ၁၅
စင်ကာပူနိုင်ငံ၏ ဒုတိယခေါင်းဆောင် လောရင့်စ်ဝေါင်သည် နိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 
လောရင့်စ်ဝေါင်၏     ကျမ်းသစ္စာကျိန်ဆိုမှုသည် ဝန်ကြီးချုပ် လီရှန်လွန်းလက်ထက် ဆယ်စုနှစ် နှစ်စု ကြာ  တာဝန်ယူခဲ့မှု  အဆုံးသတ်တော့မည်ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံသည်  ပြည်တွင်း ပြည်ပစိန်ခေါ် မှုများ    ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်     အဆိုပါ ကျမ်းသစ္စာကျိန်ဆိုမှုထွက်ပေါ်လာခြင်း ဖြစ်သည်။ 
ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ တွင် ပြုလုပ်သွားရန် စီစဉ်ထားသည်။ လောရင့်စ်ဝေါင် သည်    နိုင်ငံ၏  ပထမဆုံးဝန်ကြီးချုပ်နှင့်   နိုင်ငံ တည်ထောင်သူ  ဖခင် လီကွမ်ယု၏  အကြီးဆုံးသား ဖြစ်သူ    လီရှန်လွန်း၏နေရာကို   ဆက်ခံသွားမည် ဖြစ်သည်။ 
အသက် ၅၁ နှစ်အရွယ် ဝေါင်သည် ဗျူရိုကရက် ဟောင်းတစ်ဦးဖြစ်ပြီး  လူလတ်တန်းစားမိသားစုတွင် ကြီးပြင်းလာသူဖြစ်သည်။  ၂၀၂၂ ခုနှစ်တွင် ဒုတိယ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ စင်ကာပူ နိုင်ငံ၌ ခေါင်းဆောင်အပြောင်းအလဲသည်  လီမိသားစု ဦးဆောင်သော      နိုင်ငံရေးခေတ်တစ်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ 
ရာထူးမှ      နုတ်ထွက်သွားသော     ဝန်ကြီးချုပ် လီရှန်လွန်းသည် ဝေါင်၏ အစိုးရအဖွဲ့တွင် အကြီးတန်း ဝန်ကြီးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ မွေးဖွား နှုန်းကျဆင်းမှုနှင့်အတူ   အခြားသော   စိန်ခေါ်မှုများ အကြား  ဝေါင်သည်  တိုင်းပြည်ကို မည်သို့ဦးဆောင် သွားမည်ဆိုသည်ကို      အာရုံစိုက်နေကြကြောင်း သိရသည်။                    အင်န်အိတ်ချ်ကေ