စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ် ၁၀၅၂ ဦး စစ်ဆေးတွေ့ရှိ

 

စင်ကာပူ   ဒီဇင်ဘာ   ၃ 


စင်ကာပူနိုင်ငံ၌ ဒီဇင်ဘာ ၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အသစ် ၁၀၅၂ ဦး စစ်ဆေးတွေ့ရှိသည့် အတွက် နိုင်ငံတစ်ဝန်း အဆိုပါရောဂါကူးစက်ခံရသူပေါင်း ၂၁၇၁၅၅၀ အထိ ရှိလာပြီ ဖြစ်သည်။ 

 


စင်ကာပူနိုင်ငံ၌ လက်ရှိဆေးရုံတက်ရောက်ကုသမှုခံယူနေရသူပေါင်း ၁၁၆ ဦးရှိပြီး ရှစ်ဦးမှာ အထူးကြပ် မတ်ကုသဆောင်တွင်   ကုသမှုခံယူလျက်ရှိကြောင်း   ကျန်းမာရေးဝန်ကြီးဌာန၏   ထုတ်ပြန်ထားသော ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။ 

 


ဒီဇင်ဘာ ၃ ရက်တွင် စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ မရှိသည့်အတွက် စုစုပေါင်း သေဆုံးသူအရေအတွက် ၁၇၀၅ ဦးဖြင့် မပြောင်းလဲကြောင်း သိရသည်။                    

 ဆင်ဟွာ