စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၇၁၄၆ ဦးတွေ့ရှိ၊ နှစ်ဦး သေဆုံး

 

စင်ကာပူ အောက်တိုဘာ ၄ 


စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၄ ရက်တွင်  ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်ခံရသူ ၇၁၄၆ ဦး စစ်ဆေးတွေ့ရှိသည့်အတွက်  နိုင်ငံတစ်ဝန်း အဆိုပါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၂၄၁၃၉ ဦးအထိ  ရှိလာပြီ ဖြစ်သည်။ 

 


အဆိုပါ ကူးစက်ခံရသူများအနက် ၄၄၄ ဦးမှာ  ပီစီအာရ်နည်းဖြင့် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ၆၇၀၂ ဦးမှာ အေအာရ်တီနည်းဖြင့် စစ်ဆေး တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။ 
စင်ကာပူနိုင်ငံ၌ လက်ရှိဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရသူ ၃၂၅ ဦးရှိပြီး ၁၁ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင်  ကုသမှုခံယူ နေရကြောင်း သိရသည်။ 

 


အောက်တိုဘာ ၄ ရက်တွင်   ကိုဗစ်-၁၉ ရောဂါကြောင့်   ထပ်မံ သေဆုံးသူ နှစ်ဦးရှိသည့်အတွက်  နိုင်ငံတစ်ဝန်း  အဆိုပါ  ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၆၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။                                                                                                                    
   ဆင်ဟွာ