
စင်ကာပူ ဧပြီ ၁၁
စင်ကာပူနိုင်ငံတွင် ဧပြီ ၁၁ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ် ၂၅၆၈ ဦး ရှိလာသောကြောင့် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၁၄၀၅၆၉ ဦးအထိ ရောက်ရှိလာခဲ့သည်။
အသစ်ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ အတည်ပြု လူနာများအနက် ၃၈၈ ဦးမှာ ပီစီအာရ်နည်းဖြင့်စမ်းသပ်စစ်ဆေး ခဲ့ပြီး ၂၁၈၀ မှာ အေအာရ်တီနည်းဖြင့် စမ်းသပ်စစ်ဆေးခဲ့သူများ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော စာရင်းဇယားများအရ သိရသည်။ ပီစီအာရ်နည်းဖြင့် ကိုဗစ်-၁၉ စမ်းသပ်တွေ့ရှိခဲ့သူများအနက် ၃၇၃ ဦးမှာ ပြည်တွင်း ကူးစက် ဖြစ်ပွားသူများဖြစ်ပြီး ၁၅ ဦးမှာ ပြည်ပပြန်ကူးစက်မှုဖြစ်သည်။ အေအာရ်တီနည်းဖြင့် ကိုဗစ်-၁၉ စမ်းသပ် တွေ့ရှိခဲ့သူများအနက် ၂၁၁၉ ဦးမှာ ပြည်တွင်းကူးစက်ဖြစ်ပွားသူများဖြစ်ပြီး ၆၁ ဦးမှာ ပြည်ပပြန်ကူးစက်မှုများဖြစ်သည်။
၃၃၉ ဦးကို လတ်တလောတွင် ဆေးရုံတွင် စောင့်ကြည့်ကုသ လျက်ရှိသည်။ ၁၈ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသ လျက်ရှိသည်။ ကိုဗစ်-၁၉ ကြောင့်နှစ်ဦးထပ်မံသေဆုံးမှုနှင့်အတူ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူပေါင်း ၁၃၀၃ ဦးအထိရောက်ရှိလာ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ဆင်ဟွာ