စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူသစ် ၃၃၃၄ ဦးထပ်မံတွေ့ရှိ

 

 

စင်ကာပူ    ဧပြီ    ၄
စင်ကာပူနိုင်ငံတွင်   ဧပြီ  ၄  ရက်က   ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ   ၃၃၃၄   ဦး  တွေ့ရှိလာသဖြင့်  စုစုပေါင်း   ရောဂါကူးစက်ခံရသူ  အရေအတွက်မှာ ၁၁၁၃၀၇၈ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင်  ကိုဗစ်-၁၉  ရောဂါကူးစက် ခံရသူသစ်များအနက်   ပီစီအာနည်းဖြင့်  စစ်ဆေး တွေ့ရှိသူ ၄၅၂ ဦးရှိပြီး အေအာတီနည်းဖြင့် စစ်ဆေး တွေ့ရှိမှု   အရေအတွက်မှာ   ၂၈၈၂    ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားထုတ်ပြန် ချက်အရ သိရသည်။
ကိုဗစ်-၁၉  ရောဂါ   ကူးစက်ခံရသူများအနက် ဒေသတွင်းကူးစက်ခံရသူ ၄၄၈ ရှိပြီး ပြည်ပကူးစက်မှု လေးဦးရှိသည်။ အေအာတီနည်းဖြင့် စစ်ဆေးသူများ အနက် ၂၈၃၄ ဦးမှာ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများဖြစ်ပြီး ၄၈ ဦးမှာ ပြည်ပပြန်ကူးစက် ခံရသူများဖြစ်သည်။ 
စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် လက်ရှိ ဆေးရုံတက်ရောက်ကုသနေရသူ စုစုပေါင်းမှာ ၅၂၂ ဦးရှိပြီ  ၂၀  မှာ  အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရကြောင်း သိရသည်။
ကိုဗစ်-၁၉   ရောဂါဖြင့်  ဧပြီ  ၄ ရက်က  ထပ်မံ သေဆုံးသူ ခုနစ်ဦးရှိလာသဖြင့် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၁၂၈၃ ဦးရှိကြောင်း ကျန်းမာရေး ဝန် ကြီးဌာနက ပြောကြားသည်။ 
ဆင်ဟွာ