CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဖလမ်းမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်သို့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက် အရာရှိ၊ စစ်သည်များ၏ စနစ်တကျခုခံတိုက်ခိုက်မှုကြောင့် ထိခိုက်အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေး

 

နေပြည်တော်    ဩဂုတ်    ၁၂


ချင်းပြည်နယ် ဖလမ်းမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ် အား CNF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက ယနေ့နံနက် ၂ နာရီခွဲမှစ၍   လက်နက်ကြီး၊    လက်နက်ငယ်များ   အသုံးပြုကာ   နေရာလေးနေရာ ခွဲ၍ အလစ်အငိုက်ချဉ်းကပ်  ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။  


CNF    အဖွဲ့နှင့်    PDF   အမည်ခံအကြမ်းဖက်  သမားများသည်   ဖလမ်းမြို့ရှိ    နယ်မြေခံတပ်ရင်း ဌာနချုပ်အား အလစ်အငိုက်  ဝင်ရောက်တိုက်ခိုက်ခဲ့ သော်လည်း တပ်ရင်းဌာနချုပ်ရှိ  အရာရှိ၊ စစ်သည်၊  ရဲမေများအနေဖြင့် တပ်ရင်းလုံခြုံရေးအတွက် အသင့် စုဖွဲ့ထားရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် ချက်ချင်းတုံ့ပြန်ပစ်ခတ်နိုင်မှုကြောင့် အကြမ်းဖက် အဖွဲ့များသည် တပ်ရင်းဌာနချုပ်အား သိမ်းပိုက်နိုင် ခြင်းမရှိဘဲ နံနက် ၃ နာရီခန့်တွင် အကျအဆုံးများစွာ ဖြင့် တပ်ရင်းဌာနချုပ်၏ အနောက်တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါ တပ်ရင်း  ဌာနချုပ်နေရာသို့   စစ်ကူစစ်ကြောင်းများကလည်း အချိန်မီရောက်ရှိလာပြီး  ရန်သူဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်တွင်       အကြမ်းဖက်အဖွဲ့များထံမှ အလောင်းများနှင့် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း လုံခြုံ ရေး၊    တရားဥပဒေစိုးမိုးရေးနှင့်    နယ်မြေဒေသ  တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများကို    ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။    

  သတင်းစဉ်