စွန့်စားခရီးကြိုက်သူလူငယ်တွေအတွက် ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်

 

သဘာဝတောတောင်တွေနဲ့ ပြည့်နှက်နေတဲ့ ပြင်ဦး လွင်လိုနေရာမှာ  ဓာတ်တော်ချိုင့်ရေတံခွန်လည်း တစ်ခုအပါအဝင်  ဖြစ်ပါတယ်။ ဒါပေမယ့် သွားရခက်ခဲ တာ၊ အချိန်ပေးလည်ပတ်ရတာကြောင့် ပြင်ဦးလွင် ရောက်သူတိုင်း       ဓာတ်တော်ချိုင့်ရေတံခွန်အထိ ရောက်ဖို့မလွယ်ကူပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ စွန့်စားလို တဲ့ လူငယ်တွေအတွက် တစ်ရက်တာအပင်ပန်းခံ ရကျိုးနပ်စေမယ့် သဘာဝအလှအပတွေ အပြည့်ရှိနေ  တဲ့ ဓာတ်တော်ချိုင့်ရေတံခွန်နဲ့ မိတ်ဆက်ပေးပါရစေ။

 


“အခုကာလက ခရီးသွားရာသီဆိုတော့ အသွား အလာများကြတယ်။ များသောအားဖြင့် ရေတံခွန် အောက်ကို မဆင်းကြတာများတယ်။ ဆင်းလာသူတွေ ကတော့  လူငယ်တွေပါပဲ”လို့   ခရီးသွားတစ်ဦးက ပြောပါတယ်။

 


လွန်ခဲ့တဲ့နှစ်တွေက     လမ်းလျှောက်ခရီးပဲရှိပြီး Trekking သွားလိုသူတွေသာ အများဆုံးသွားလာကြ ပေမယ့်   အခုအချိန်မှာတော့   ဆိုင်ကယ်ကောင်းစွာ မောင်းနှင်လို့ ရနေပါပြီ။ အထမ်း သို့မဟုတ် ဆိုင်ကယ် အလွယ်တကူ ငှားရမ်းစီးနင်းနိုင်တာကိုလည်း တွေ့ရ ပါတယ်။   

 


ဓာတ်တော်ချိုင့်ရေတံခွန်က အဆင့်သုံးဆင့်ရှိပြီး သုံးဆင့်စလုံးကလည်း အတော်လေး လှပါတယ်။ ဓာတ်တော်ချိုင့်ရေတံခွန်ကို သွားရောက်မယ်ဆိုရင်    သတိပြုစရာတွေကတော့ ကျန်းမာရေးကောင်းမွန်ပြီး သက်လုံကောင်းဖို့လိုသလို၊   ဆိုင်ကယ်   သို့မဟုတ်  အထမ်းသမားနဲ့  သွားမယ်ဆိုရင်လည်း သတ္တိရှိရှိ လိုက်စီးနိုင်ဖို့လိုပါတယ်။ အခု​နောက်ပိုင်း ပွင့်လင်း ရာသီမှာ အဖွဲ့လိုက် စက်ဘီးစီးခရီးသွားတွေကို မြင်ရ ပြီး သက်လုံ​ကောင်းသူ​တွေက​တော့ ​အပြန်အတက်လမ်း ကိုပါ စက်ဘီးနဲ့တက်ကြပါတယ်။ ​ရေတံခွန်အဆင်း ခရီးက သိပ်ပင်ပန်းတယ်လို့မထင်ရပေမယ့် ပြန်တက် တဲ့ အချိန်မှာတော့ အတက်ချည်းသီးသန့်မို့ အလွန် ပင်ပန်းတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် တွေ သွားလာဖို့မသင့်တော်ဘူးလို့ အကြံပြုပါရစေ။

 


ဓာတ်တော်ချိုင့်ရေတံခွန်အောက်ဆုံးအဆင့်မှာ စားသောက်ဆိုင်လေးတွေရှိပြီး အဝတ်အစားငှားရမ်း တာနဲ့ ခေတ္တအနားယူတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ အေးမြတဲ့ရေနဲ့ ထိတွေ့နိုင်ပြီဖြစ်ပြီး ရေမကူးတတ်သူ တွေအတွက်တော့ အတော်လေး အန္တရာယ်များပြီး ရေနက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရေအစပ်မှာ ရေတံခွန်အလှအပကို ခံစားရင်း ရေစိမ်တာမျိုးတော့ အဆင်ပြေပါတယ်။

 


“ ဆိုင်ကယ်ခတွေက အခုထက်ပိုပြီး သက်သာ မယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။ လူတစ်ယောက်ကို ကျပ် နှစ်သောင်းခွဲကနေ သုံးသောင်းခွဲအထိဆိုတော့ ခရီးသွားတွေအတွက် အနည်းငယ်အခက်အခဲရှိတယ်။ လူအများ   သွားလာရ   လွယ်ကူစေချင်တယ်” လို့ ခရီးသွားတစ်ဦးက    သူ့အမြင်ကို  ပြောပါတယ်။ ဆိုင်ကယ်ကယ်ရီတွေအပြင် အထမ်းသမားတွေကို လည်း မြင်တွေ့ရပြီး တစ်ဦးကို ကျပ် ငါးသောင်းခန့်  ကျသင့်မှာဖြစ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာစွာ ခရီးသွားနိုင်ကြပါစေ။                          

အဲလက်စ်