စွမ်းရည်များပြည့်ဝသည့် နိုင်ငံ့သားကောင်းများကို လေ့ကျင့်မွေးထုတ်

 

မော်လမြိုင်  နိုဝင်ဘာ  ၂၅


မွန်ပြည်နယ်၌     တိုင်းရင်းသား လူမျိုးများ၏     ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များကို       ဖော်ထုတ်ထိန်းသိမ်း နိုင်ရန်    ရည်ရွယ်၍   တိုင်းရင်းသား ဘာသာစကားသင် ဆရာ ဆရာမ များအတွက်   အရည်အသွေးမြှင့် အထောက်အကူပြု   ဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားကို  နိုဝင်ဘာ ၂၅ ရက်က မော်လမြိုင် ပညာရေး ဒီဂရီကောလိပ်၌ ကျင်းပသည်။ 

 


စွမ်းရည်လေးမျိုးလုံး ဖွံ့ဖြိုးရန်


အခမ်းအနားတွင်    ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက  မွန်ပြည်နယ်အတွင်း ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက် ရာတွင်      မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မား လာစေရေးအတွက် အထူးအလေး ပေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ   ဆရာမများက   ဘာသာ စကား      သင်ကြားနည်းများကို လေ့လာသင်ယူ၍ မိမိတို့ တိုင်းရင်း သား     ဘာသာစကားကိုလည်း အရေး၊ အဖတ်၊ အပြော၊ အကြား စွမ်းရည်လေးမျိုးလုံး   ဖွံ့ဖြိုးရန် အတွက်    သင်ကြားပေးနိုင်ရေး၊    တိုင်းရင်းသား     စည်းလုံးညီညွတ် ရေးအတွက်            အရေးပါသည့် စိတ်ဓာတ်စည်းကမ်း   လိုက်နာ သည့်      ခံယူချက်သဘောထား မှန်ကန်သည့် ကျွမ်းကျင်မှုစွမ်းရည် များ   ပြည့်ဝသည့်   နိုင်ငံ့သား ကောင်းများကို လေ့ကျင့်မွေးထုတ် နိုင်သော  ဆရာ  ဆရာမကောင်း များဖြစ်ရန် လိုအပ်သည့် အသိ ပညာ၊     အတတ်ပညာများကို      သင်တန်းကာလအတွင်း   ကြိုးစား ဆည်းပူး      ကြစေလိုကြောင်း ပြောကြားသည်။

 


သင်တန်းဆင်းလက်မှတ်များပေး


ထို့နောက် မော်လမြိုင်  ပညာ ရေး ဒီဂရီကောလိပ်မှကျောင်းအုပ် ဆရာမကြီး   ဒေါ်ဝင်းသိင်္ဂီကျော် က    အရည်အသွေးမြင့်စေရေး အထောက်အကူပြု      ဆွေးနွေးပွဲ နှင့်ပတ်သက်၍   ရှင်းလင်းတင်ပြ ခဲ့သည်။    ယင်းနောက်   ပြည်နယ် ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များက ဆရာ  ဆရာမများအား သင်တန်း ဆင်းလက်မှတ်များ  ပေးအပ်ကာ တိုင်းရင်းသားရိုးရာ အက၊ အလှ ဖျော်ဖြေတင်ဆက်မှုကို   ကြည့်ရှု ၍ ဂုဏ်ပြုဆုငွေကျပ်  သုံးသိန်းကိုချီးမြှင့်ပေးအပ်ခဲ့ကြောင်း     သိရှိရ သည်။ 
 

စည်သူ(ပြန်/ဆက်)