CMP သွင်းကုန် ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၈ 


CMP  သွင်းကုန်   ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေး      ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း   အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့  နံနက် ၁၀ နာရီက           ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ  အသင်းချုပ်ရုံး၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး        ဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးညွန့်အောင် တက်ရောက်       အမှာစကား ပြောကြားသည်။ 


အစည်းအဝေးတွင်        ဆပ် ကော်မတီ၏ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေး  ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုများနှင့် CMP ပို့ကုန်သွင်းကုန်များ မှန်ကန် စွာ  ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များ  ဖြည့်စွက် ဖွဲ့စည်း၍    ထိရောက်စွာဆောင် ရွက်နိုင်ရေး       ကိစ္စရပ်များအပေါ်    ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။


အစည်းအဝေးသို့           ဆပ် ကော်မတီအဖွဲ့ဝင်       ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊   ဒုတိယ ညွှန်ကြားရေးမှူး         ချုပ်များ၊ ကုန်သွယ်မှုနှင့်   ကုန်စည်စီးဆင်း မှုများ  မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊  အတွင်းရေး မှူး၊        ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ   ကုန်သည်များနှင့် စက်မှုလက်မှု        လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးချုပ်၊  CMP  နှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊  CMP ပို့ကုန် သွင်းကုန် ဆိုင်ရာ           စစ်ဆေးရေးလုပ်ငန်း အဖွဲ့ဝင်များနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်