CMP လုပ်ငန်းများသည် မြန်မာလုပ်သားထုနှင့် မြန်မာနိုင်ငံသားများအတွက် ရေတို၊ ရေရှည်အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းများဖြစ်

 

နေပြည်တော်   နိုဝင်ဘာ  ၁၀


အလုပ်လက်မဲ့   ဖြစ်ပေါ်နေသည့် အလုပ်သမားများကို        New Normal   အခြေအနေနှင့်အညီ အသစ်ဖွင့်လှစ်      လုပ်ကိုင်သည့် စက်ရုံများနှင့်        ချိတ်ဆက် ဆောင်ရွက်ပေးရန်၊      ပြည်ပမှ ပြန်လည်    ဝင်ရောက်လာသည့် အလုပ်သမားများကို   ၎င်းတို့၏ ကျွမ်းကျင်မှုနှင့်   ကိုက်ညီသော အလုပ်အကိုင်ရရှိရေး ဆောင်ရွက် ပေးရန်နှင့်   ၎င်းတို့တတ်မြောက် ထားသည့်    နည်းပညာများကို သင့်လျော်သည့်   နေရာများတွင် ပြန်လည်         အသုံးပြုနိုင်ရေး ချိတ်ဆက် ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ပွင့်ဆန်းက ယနေ့ အလုပ်သမား ဝန်ကြီးဌာန၌ ကျင်းပသည့် CMP လုပ်ငန်းများ      ကြီးကြပ်ရေး ကော်မတီ    (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း    အစည်းအဝေး တွင်        တာဝန်ရှိသူများကို     မှာကြားသည်။

 


 စိစစ်ဆောင်ရွက်ပေး


ထို့ပြင် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ     အများဆုံး ဖော်ဆောင်ပေးပြီး ပြည်ပဝင်ငွေ ရှာဖွေပေးနေသည့် CMP လုပ်ငန်း များသည်     မြန်မာလုပ်သားထု နှင့် မြန်မာနိုင်ငံသားများအတွက် ရေတို၊   ရေရှည်အကျိုးဖြစ်ထွန်း စေသည့်   စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အနေဖြင့် CMP စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင် လိုကြောင်း   လျှောက်ထားလာမှု များကို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်(MIC)က  ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေး   သဘောထား မှတ်ချက်နှင့်တကွ    စိစစ်ဆောင် ရွက်ပေးခြင်း၊   CMP  စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုမိန့်   ရရှိသည့် လုပ်ငန်းများကို   တည်ဆဲဥပဒေ များနှင့်အညီ လုပ်ကိုင်ဆောင်ရွက် ခြင်း ရှိ/မရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက     ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း  ရှိ/မရှိ၊ သတ်မှတ် ညွှန်ကြားချက်များနှင့် အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊       ရရှိသောလုပ်ခများကို ဘဏ်သို့     မှန်ကန်စွာပေးသွင်း ခြင်း   ရှိ/မရှိ၊  အလုပ်သမားများ အတွက်         ရသင့်ရထိုက်သော လုပ်ခခံစားခွင့်များ       အပြည့်အဝ ထုတ်ပေးခြင်း   ရှိ/မရှိ၊   စာရင်း ဇယားများ စနစ်တကျထားရှိခြင်း    ရှိ/မရှိ တို့ကို         အဓိကစစ်ဆေး ကြပ်မတ်   ဆောင်ရွက်ပေးလျက် ရှိကြောင်း။

 


စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန များမှ         အလုပ်သမားများကို လုပ်ခလစာ     ထုတ်ပေးနိုင်မှုနှင့် စပ်လျဉ်းပြီး      ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု      မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီ မှ      ဖွဲ့စည်းပေးထားသည့်    One Stop    Services  (OSS) တွင် အလုပ်သမားဝန်ကြီးဌာနမှ အရာ ထမ်း၊   အမှုထမ်းများကို  တာဝန် ပေးအပ်ထားပြီး    OSS   ရုံးရှိ သက်ဆိုင်ရာဌာနများ၊ UMFCCI ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ပူးပေါင်း ၍  အလုပ်သမားများ၏  လုပ်ခ လစာရရှိရေး    ဆောင်ရွက်ပေး လျက်ရှိကြောင်း၊   အလုပ်သမား ဝန်ကြီးဌာနအနေဖြင့်   အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင် အစည်းအဝေးကို လေးကြိမ် ကျင်းပခဲ့ပြီး  အလုပ်ရှင်၊  အလုပ် သမားများ   ရင်ဆိုင်ကြုံတွေ့နေရ သည့်  အခက်အခဲများ၊   ဖြေရှင်း ရမည့် နည်းလမ်းများကို ဝိုင်းဝန်း ဆွေးနွေး၍   ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ 

 


ရှင်းလင်းတင်ပြ


အဆိုပါ  အစည်းအဝေးတွင် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ       အတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့်       ယခင်အစည်း အဝေး      ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်     ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး  ကော်မတီဝင် များက ကဏ္ဍအလိုက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကို      ဆွေးနွေး တင်ပြကြသည်။ 

သတင်းစဉ်