
နေပြည်တော် ဖေဖော်ဝါရီ ၁၅
တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့ရှိ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန ဦးစီးဌာနမှူးများအား လုပ်ငန်းဆိုင်ရာ အသိပညာမြှင့်တင် မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင် မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များ၊ အထွေထွေမန်နေဂျာများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေတို့ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီး ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ဦးစီးဌာနမှူးများအနေဖြင့် စက်မှု ဝန်ကြီးဌာန၏ကိုယ်စား တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်သဖြင့် ဝန်ကြီးဌာန၏ မျှော်မှန်း ချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို သိရှိအောင် ဆောင်ရွက်ထားရမည် ဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဦးတည် ချက်များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဘွိုင်လာ၊ လျှပ်စစ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်၊ စက်မှုလုပ်ငန်း များကြီးကြပ်ရေး၊ MSME များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရသည့်အတွက် တိတိ ကျကျ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း။
သင်တန်းပြီးဆုံးပါက သင်တန်း နှင့်ပတ်သက်၍ လေ့လာဆန်းစစ် ခြင်းလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သို့မှသာ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း များ ထပ်မံဖွင့်လှစ်ပါက လိုအပ် ချက်များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းဆောင်မှု မြှင့်တင်ခြင်း လုပ်ငန်းများကို ဦးစီး ဌာန၊ စက်မှုလုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ် ပြုလုပ်ပေးမှသာ ခေတ်မီနည်းပညာရပ်များကို ရရှိ မည်ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိ သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို ပြန်လည်အသုံးပြုကြရမည်ဖြစ်ကြောင်း မှာကြား ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ လုပ်ငန်းဆိုင်ရာ အသိပညာမြှင့်တင်မှုသင်တန်းကို နှစ်ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ပြီး သင်တန်းတွင် စက်မှု ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ညွှန်ကြားရေးမှူးများ က စက်မှုဝန်ကြီးဌာန၏ မျှော်မှန်း ချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ၊ ဦးစီးဌာန၊ စက်မှု လုပ်ငန်းများ၏ လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်