စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

 

နေပြည်တော် ဇန်နဝါရီ ၁၅

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။ (အောက်ပုံ)

ညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် ဌာနအကြီးအကဲများက ရုံးအမှတ် (၂၇) မှ လည်းကောင်း၊ ရေနံမြေများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေ ဩဇာ စက်ရုံ၊ ရေနံဓာတ်ငွေ့ရည် စက်ရုံများနှင့် ရေနံ သိုလှောင်ဖြန့်ဖြူးရေးဌာနများမှ အရာရှိများက သက်ဆိုင်ရာ ဒေသများမှလည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေး၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဘဏ္ဍာရေးနှစ် အလိုက် လျာထားဆောင်ရွက်မည့် အစီအမံများနှင့် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။

ကျွမ်းကျင်သော ဝန်ထမ်းများရှိရန်

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး က စွမ်းအင်ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ အပေါ် လေ့လာသုံးသပ်၍ ဌာန/ လုပ်ငန်းအလိုက် အနာဂတ် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ် သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ၊ ဘဏ္ဍာရေးပိုင်း ဆိုင်ရာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မှန်ကန် သင့်လျော်သော စီမံချက်များ ရေးဆွဲချမှတ်အကောင်အထည် ဖော် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဌာနအသီးသီးတွင် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ကျွမ်းကျင်သော ဝန်ထမ်းများရှိရန်လိုကြောင်း၊ ဝန်ထမ်း များ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အသက် ဝင်သည့် စာကြည့်တိုက်များ ထူထောင်ပေးနိုင်ရန် လိုအပ် ပါကြောင်း၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဌာနတွင်းသော်လည်းကောင်း၊ ဌာန ပြင်ပ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီရယူ၍ လည်းကောင်း သင်တန်းများ ပို့ချပေးရန်နှင့် သင်တန်းသား များကို လုပ်ငန်းခွင်အတွက် ပြန်လည်အသုံးချနိုင်သူ၊ စိတ်ဝင်စားသူများအား စိစစ်၍ ရွေးချယ်ရန် လိုအပ်ပါ ကြောင်း၊ ရွေးချယ်ပြီးသင်တန်းသားများအား စေလွှတ်သည့် သင်တန်းနှင့်စပ်လျဉ်း၍ ကြိုတင်လေ့လာသင့်သည့် အချက် များ၊ သင်တန်းသို့ စေလွှတ်သည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြား၍ စေလွှတ်သွားရန် လိုအပ်ပါကြောင်း။

လက်တွေ့ကျသည့် စီမံချက်များ ရေးဆွဲ

သင်တန်းသာမက အလုပ်ရုံဆွေးနွေးပွဲများ မကြာခဏ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများတွင် မိမိတို့နိုင်ငံသာမက အခြားနိုင်ငံများ၏ Energy Master Plan များကို လေ့လာနိုင်ရန်လိုအပ်ပါ ကြောင်း၊ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်တတ်စေမည့် နည်းလမ်းများရရှိရေး လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် အနာဂတ်တွင်သေချာ သည့် အကျိုးအမြတ်ရရှိမည့် လုပ်ငန်းများအား ကြိုတင် သုံးသပ်လေ့လာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Future Plan အတွက် ဆောင်ရွက်ခဲ့သည့်အချက်အလက်များ၊ CSO မှ လိုအပ်သည့် အချက်အလက်များကို စုစည်း၍ Analyze လုပ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် စွမ်းအင်အရင်းအမြစ်များကိုရှာဖွေ၍ လိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ အနာဂတ်တွင်လိုအပ်မည့် စွမ်းအင်လိုအပ်ချက်များအတွက် စီမံချက်များအား ကာလတို (၃ နှစ်) ၊ ကာလလတ် (၈ နှစ်) နှင့် ကာလရှည် (၁၅ နှစ်) လက်တွေ့ကျသည့်စီမံချက်များ ချမှတ်ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုစီမံချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နည်းပညာ အရ အသင့်ဖြစ်နေရန် လိုအပ်ကြောင်း၊ လိုအပ်ပါက ကျွမ်းကျင်ပညာရှင်များ ငှားရမ်းဆောင်ရွက်ရန်လိုအပ် ကြောင်း။

ပြည်သူများ ယုံကြည်မှုရရှိရေး

ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ မဟာဗျူဟာများ၊ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကိုလည်း သိရှိလေ့လာထားရန် လိုအပ်ကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာပါက ခိုင်မာသောအစီရင်ခံစာများနှင့် ကြိုတင် တွေးတောကြံဆချက်များအား ချပြနိုင်ရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံအတွက် လိုအပ်ချက်နှင့်ကိုက်ညီ၍ အရည် အသွေးကောင်းမွန်သည့် ယူရီးယားများကို ထုတ်လုပ် နိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ဝယ်ယူသုံးစွဲသည့် ပြည်သူများ၏ ပကတိ ဈေးကွက်အခြေအနေကို လေ့လာသုံးသပ်သင့်ပါကြောင်း၊ Future Plan များကို Financial Plan ကြောင့် နှောင့်နှေး မှုများမဖြစ်စေရန် လက်တွေ့ကျကျ သုံးသပ်ဆောင်ရွက် နိုင်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်များကို ဦးဆောင်ပေးတတ်စေမည့်သူများ စနစ်တကျ ရွေးချယ် မွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခင် အတွေးအခေါ်အယူအဆများအား ယခုမှစ၍ ပြောင်းလဲ ပြီး ပြည်သူများယုံကြည်မှုကို အပြည့်အဝ ရရှိစေရေး ပြည်သူများ၏အမြင်၊ ပြည်သူများ၏ အကြံပြုချက်များအား အလေးထားဆောင်ရွက်ရန်နှင့် နိုင်ငံတကာတွင်အောင်မြင် နေသော စီးပွားရေးကုမ္ပဏီများမှ လေးစားရသော လုပ်ငန်း ဌာနများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြား သည်။ သတင်းစဉ်