စွမ်းအင်ကိစ္စ ဆွေးနွေးရန်အတွက် ဆော်ဒီအိမ်ရှေ့မင်းသား ဂျပန်သို့လာရောက်ဖွယ်ရှိ

 

တိုကျို    နိုဝင်ဘာ   ၁၇


ဆော်ဒီအိမ်ရှေ့မင်းသားသည် လာမည့်ရက်ပိုင်း အတွင်း ဂျပန်နိုင်ငံသို့လာရောက်ရန်အတွက်  စီစဉ်မှု များ   လုပ်ဆောင်နေကြောင်း    အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။  အဆိုပါ ခရီးစဉ်အတွင်း  ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် တွေ့ဆုံသွားဖွယ် ရှိသည်။ 

 


နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဆော်ဒီအိမ်ရှေ့ မင်းသား မိုဟာမက်ဘင်ဆယ်မန်သည်  ဂျပန်နိုင်ငံ သို့ လာရောက်ဖွယ်ရှိကြောင်း ဂျပန်နှင့် ဆော်ဒီအစိုးရ အရင်းအမြစ်များထံမှ သိရသည်။ သုံးနှစ်တာကာလ အတွင်း   ဆော်ဒီအိမ်ရှေ့မင်းသား၏  ပထမဆုံး ဂျပန်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ဆော်ဒီအိမ်ရှေ့ မင်းသားနှင့်  ဂျပန်ဝန်ကြီးချုပ်တို့သည်   စွမ်းအင် ထောက်ပံ့မှုကိစ္စများ တည်ငြိမ်ရန်နှင့် အခြားသော   ကိစ္စရပ်များကို       ဆွေးနွေးသွားဖွယ်ရှိကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

 


ဆော်ဒီအာရေဗျသည်   ဂျပန်နိုင်ငံ၏ အဓိက ရေနံတင်ပို့သည့်နိုင်ငံဖြစ်ပြီး ရေနံပို့ကုန်  ၄၀ ရာခိုင် နှုန်းကို ကိုယ်စားပြုသည်။ ဆော်ဒီအိမ်ရှေ့မင်းသား သည်   နိုင်ငံအတွင်း   စက်မှုလုပ်ငန်းများအတွက်   ဂျပန်နိုင်ငံ၏    ရင်းနှီးမြှုပ်နှံမှုနှင့်  နည်းပညာပိုင်း ဆိုင်ရာ အကူအညီ များ   ပူးပေါင်းဆောင်ရွက်မှုများကို    ရှာဖွေနေဟန်ရှိသည်။ 

 


၂၀၁၈ ခုနှစ် သတင်းထောက် အသတ်ခံရမှုတွင်  ဆော်ဒီအိမ်ရှေ့မင်းသားပါဝင်သည်ဟူသော စွပ်စွဲ ချက်ဖြင့် ဆော်ဒီအိမ်ရှေ့မင်းသားကို အနောက် နိုင်ငံများနှင့်  အခြားသောတိုင်းပြည်များက အပြစ် တင်ထားကြသည်။  သို့သော်လည်း  နိုင်ငံတကာ စင်မြင့်တွင် ၎င်း၏ပါဝင်မှု  ပြန်လည်ပြုလုပ်လာခဲ့ သည်။ အနောက်အုပ်စုခေါင်းဆောင်များကလည်း        ရေနံဈေးနှုန်း တည်ငြိမ်စေရန်      ကြိုးပမ်းမှုတစ်ရပ် အဖြစ်   ဆော်ဒီအိမ်ရှေ့မင်းသားနှင့်  ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်လာခဲ့သည်။  

အင်န်အိတ်ချ်ကေ