
နီကိုးရှား ဧပြီ ၁
ဆိုက်ပရပ်စ်၊ အစ္စရေးနှင့် ဂရိနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများ သည် စွမ်းအင်၊ ကာကွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း စသည့် နယ်ပယ်ကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင် သွားရေးနှင့် ပတ်သက်ပြီး မတ် ၃၁ ရက်တွင် သဘောတူခဲ့ကြ ကြောင်း သိရသည်။
ဆိုက်ပရပ်စ်နိုင်ငံ နီကိုးရှား မြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စွမ်းအင်ဆိုင်ရာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သည် ဒေသတွင်းတည်ငြိမ်မှု အတွက် အလွန်အရေးပါကြောင်း နိုင်ငံခြားရေးဝန်ကြီးများ ဖြစ်ကြ သည့် ကွန်စတန်တီနို့စ်ကွန်ပို့စ် (ဆိုက်ပရပ်စ်)၊ အီလီကိုဟင်း (အစ္စရေး)နှင့် နီကို့စ် ဒန်ဒီးယပ်စ် (ဂရိ) တို့က ပြောသည်။ ဆိုက် ပရပ်စ်နှင့် အစ္စရေးနိုင်ငံတို့တွင် သဘာဝဓာတ်ငွေ့မြေ များစွာကို ရှာဖွေတွေ့ရှိထားကြောင်း သိရ သည်။
အဆိုပါ ဝန်ကြီးများက အရှေ့ ပိုင်း မြေထဲပင်လယ်မှ ဥရောပသို့ သဘာဝဓာတ်ငွေ့တင်ပို့နိုင်သော EastMed ပိုက်လိုင်း၏ အရေးပါပုံ နှင့် ရုရှားသဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားမှုကို လျှော့ချရန် အလေးပေး ပြောကြားခဲ့သည်။ ထို့အပြင် ဂရိနိုင်ငံခြားရေးဝန်ကြီး နီကို့စ်ဒန်ဒီးယပ်စ်က ပြည်တွင်း နှင့် ဒေသတွင်း စွမ်းအင်ဗဟိုချက် ဖြစ်လာစေရေး ၎င်းနိုင်ငံ၏ ရည်မှန်းချက်ကို အလေးပေး ပြောကြားခဲ့သည်။
ဆင်ဟွာ