စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

 

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)နှင့်ပူးပေါင်း၍ စီမံကိန်းကာလ နှစ်နှစ်အတွင်း စွမ်းအားမြှင့် မီးဖို  ၂၁၈၉၅၅  လုံး ဖြန့်ဝေနိုင်ခဲ့

 

နေပြည်တော် ဇန်နဝါရီ ၁၀ 


သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး    ဝန်ကြီးဌာန အပူပိုင်းဒေသ  စိမ်းလန်းစိုပြည် ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတ နိုင်ငံ Climate Change Center (CCC) တို့ ပူးပေါင်း၍  ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC) ၏  အစီအစဉ်ဖြင့် တောင်အာရှနှင့်  အ​ရှေ့တောင် အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာ နိုင်ငံ) စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း၏ စောင့်ကြည့်အကဲဖြတ် ခြင်း   အလုပ်ရုံဆွေးနွေးပွဲအခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  သင်္ဂဟဟိုတယ်၌ ကျင်းပသည်။ 

 


အဓိကစိန်ခေါ်မှုတစ်ရပ်


ဦးစွာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်         ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက    မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင် နှုန်းကျော်သည် ကျေးလက်ဒေသ နေ   ပြည်သူများဖြစ်ပြီး   ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲလျက်ရှိရာ   ကျေးလက်နှင့် မြို့ပြ ပြည်သူများ၏ နှစ်စဉ်ထင်း လိုအပ်ချက်မှာ ကုဗတန် ၁၇ သန်း (စုစုပေါင်းစွမ်းအင်ပမာဏ၏ ၇၆ ရာခိုင်နှုန်း)  ခန့်   ရှိကြောင်း၊ ထင်းလောင်စာ       လိုအပ်ချက် မြင့်မားလာခြင်းသည်   သစ်တော သယံဇာတ   ရေရှည်တည်တံ့စေ ရေး၊         သဘာဝတောကျန်များ ထိန်းသိမ်းရေးနှင့်       သဲကန္တာရ ဖြစ်ထွန်းမှု           တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ  အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်     အဓိက တွေ့ကြုံရသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း။

 


အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနအနေဖြင့်     ထင်း လောင်စာသုံးစွဲမှု လျှော့ချနိုင်ရေး အတွက် ၁၉၉၇ ခုနှစ်မှ   ယနေ့ အချိန်အထိ   စွမ်းအားမြှင့်မီးဖို ၇၄၂၀၀၀ ကျော်   ပြည်သူများထံ အခမဲ့    ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ စွမ်းအားမြှင့်မီးဖိုဖြန့်ဝေခြင်းကို    ပိုမို၍   အရှိန်အဟုန် ဖြင့်   ဆောင်ရွက်နိုင်ရေးအတွက်  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊  ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)နှင့်ပူးပေါင်း၍   စီမံကိန်းကာလ  နှစ်နှစ်အတွင်း      စွမ်းအားမြှင့်   မီးဖို   ၂၁၈၉၅၅   လုံး  ဖြန့်ဝေနိုင်ခဲ့ ပြီး    ကာဗွန်ထုတ်လွှတ်မှု       တန် ၃၈၅၀၀၀ ကျော်   လျှော့ချနိုင်ခဲ့ ကြောင်း၊ စီမံကိန်းကာလအတွင်း စောင့်ကြည့်အကဲဖြတ်      ရလဒ် များအပေါ်       အခြေခံ၍     ပိုမို ကောင်းမွန်သော ရလဒ်များ      ရရှိ အောင်   ကြိုးပမ်းဆောင်ရွက် သွားကြ ရန်လိုကြောင်း   မှာကြား သည်။

 


စာတမ်းများဖတ်ကြား


ထို့နောက် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြခြင်းနှင့်  စွမ်းအား မြှင့်မီးဖို သုံးစွဲမှုနှင့် ပတ်သက်သော သုတေသန         စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက်လာ သူများက   အကြံပြုဆွေးနွေးကြ သည်။

 


ယခုစီမံကိန်းမှာ စွမ်းအားမြှင့် မီးဖိုဖြန့်ဝေ      သုံးစွဲခြင်းအားဖြင့် ထင်းလောင်စာသုံးစွဲမှု  လျှော့ချ နိုင်ခြင်းနှင့် သဘာဝတောကျန်များ ထိန်းသိမ်းရေးကို  အထောက်အကူ ပြုစေပြီး     မြန်မာနိုင်ငံအနေဖြင့် United  Nations  Framework Convention   on   Climate Change (UNFCCC) နှင့် ချိတ် ဆက်၍   ပထမဦးဆုံး  ဓာတ်ငွေ့ ထုတ်လွှတ်မှု         လျှော့ချခြင်း သက်သေခံချက် - CER  ရရှိရန် အကောင်အထည်ဖော်   ဆောင် ရွက်နိုင်သည့် United Nations - Clean Development Mecha-nism (UN-CDM)  စီမံကိန်းတစ်ခု ဖြစ်သည်။

 


အခမ်းအနားသို့       ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုရီးယား သမ္မတနိုင်ငံ Climate Change Center (CCC)မှ ကိုယ်စားလှယ် များ၊  ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက် ကြောင်း သိရသည်။ 


သတင်းစဉ်