
စလင်း ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုဖြင့် ဆေးထိုးစုရပ်များဖြစ်သည့် ကျေးလက် ကျန်းမာရေးဌာနများနှင့် မြိုနယ်ပြည်သူ့ဆေးရုံ တို့တွင် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်အထိ ပထမအကြိမ်ထိုးနှံပြီးသူ ၉၇၄၄၄ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၈၃၁၉၇ ဦး ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမဆောင်၊ ဆင်ဖြူကျွန်း ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်၊ သရက်တောကျေးရွာ တိုက်နယ်ဆေးရုံ၊ တညောင်တိုက်နယ် ကျေးလက်ကျန်းမာရေး ဌာနနှင့် စုရပ်အသီးသီးတို့တွင် ထိုးနှံပေးနေ သည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေးအခက်အခဲရှိသူများနှင့် သက်ကြီး ဘိုးဘွားများ အဆင်ပြေစွာ ထိုးနှံနိုင်ရေး အတွက် ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း ၍လည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် တစ်မြို့နယ်လုံး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထားဦးရေ ၁၆၇၅၇၉ ဦးရှိသည့်အနက် ဖေဖော်ဝါရီ ၁၉ ရက်အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၉၇၄၄၄ ဦး၊ ဒုတိယအကြိမ် ထိုးနှံ ပြီးသူ ၈၃၁၉၇ ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၅၈ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်အတွင်း ဆေးထိုးနှံမှု ရာခိုင်နှုန်းအပြည့်အဝ လွှမ်းခြုံထိုးနှံပြီးစီးရေး အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေ သည့် ပြည်သူများအား အသိပေးနှိုးဆော်ခြင်း များကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မောင်လွင်(စလင်း)