စက်တပ်ယာဉ်ကြောင့် နစ်နာသူပြည်သူများအတွက် အကျိုးခံစားခွင့်ကို သုံးဆ (ကျပ် သိန်း ၃၀) အထိ တိုး၍ ပြင်ဆင်ပေးလျော်ရန် ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဧပြီ  ၇


စက်တပ်ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရရှိသူများအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာ ကြေးများကို   စက်တပ်ယာဉ်ပိုင်ရှင်များကိုယ်စား  နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်း တာဝန် ယူပေးချေလျက်ရှိရာ စက်တပ်ယာဉ်ကြောင့် မတော်တဆထိခိုက်မိလျှင်  နစ်နာကြေးကို  အကျိုးခံစားခွင့်ရှိ သူက  မြန်မာ့အာမခံလုပ်ငန်းတွင်  တောင်းခံနိုင်သည်။

 


မြန်မာ့အာမခံလုပ်ငန်းအနေဖြင့်   သူတစ်ပါး ထိခိုက်မှုအတွက်  ပေးလျော်ရန်တာဝန်ရှိမှု ပမာဏကို လည်း  ခေတ်ကာလနှင့်အညီ  တိုးမြှင့်ပေးလျော်ခြင်း၊ ပရီမီယံကြေး အသင့်အတင့် တိုးမြှင့်ခြင်းများ ပြုလုပ်ပါသည်။    အဆင့်ဆင့်ပြောင်းလဲလာသော    အကျိုးခံစားခွင့်    (နစ်နာကြေး)    နှုန်းထားများမှာ  ကျပ် ၁၀,၀၀၀/- မှ စတင်ပြီး ကျပ် ၂၅,၀၀၀/- ၊ ကျပ် ၅၀, ၀၀၀/- ၊ ကျပ် ၁၀၀,၀၀၀/- ၊ ကျပ် ၅၀၀,၀၀၀/- နှင့် ယခု  ကျပ် ၁,၀၀၀,၀၀၀/- ထိ တိုးမြှင့်ပေးချေခဲ့သည်။ 

 


စက်တပ်ယာဉ်ထိခိုက်မှုကြောင့် ထိခိုက်နစ်နာသူများကို   ငွေရေးကြေးရေး  နည်းလမ်းဖြင့်   ကုစား ပေးရန်  ရည်ရွယ်၍  အာဆီယံနိုင်ငံများနည်းတူ သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးပေး‌ချေခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အာဆီယံနိုင်ငံများ၌ ပေးချေလျက်ရှိသော သူတစ်ပါး ထိခိုက်မှု အကျိုး ခံစားခွင့် (နစ်နာကြေး) နှုန်းထားများနှင့် နှိုင်းယှဉ်ကြည့်လျှင်  မြန်မာနိုင်ငံ၏   နစ်နာကြေးပေးချေမှု နှုန်းထားမှာ လွန်စွာနည်းပါးနေကြောင်း   တွေ့ရှိရသည်။

 


ဇာစ်မြစ်    -    ASEAN COB Website (2021)


လက်ရှိ အာဆီယံနိုင်ငံများ၏ သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေးပေး‌ချေမှု နှုန်းထားနှင့် ကိုက်ညီ စေရန်နှင့် စက်တပ်ယာဉ်ထိခိုက်မှုကြောင့် နစ်နာခဲ့ရသော ပြည်သူများအား တစ်စုံတစ်ရာ အထောက်အပံ့ ရရှိစေနိုင်ရန်အတွက်  မြန်မာ့အာမခံလုပ်ငန်းအနေဖြင့်  အကျိုးခံစားခွင့်  (နစ်နာကြေး)  နှုန်းထားများကို လာမည့် ဘဏ္ဍာရေးနှစ် အစဖြစ်သော (၁.၄.၂၀၂၂) ရက် နေ့မှ စတင်ပြီး အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင် ပေးလျော်သွားမည် ဖြစ်သည်။

 


နစ်နာသူအား  ကာကွယ်ပေးသည့်  သူတစ်ပါး ထိခိုက်မှုအာမခံ၏  ရည်ရွယ်ချက်ကို   ပြည်သူများ သိရှိစေရန်နှင့်   ခေတ်ကာလနှင့်အညီ   တိုးမြှင့်ပေးလျော်ထားသော     သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများအား     စက်တပ်ယာဉ်ထိခိုက်မှုကြောင့်    ထိခိုက်နစ်နာသူများ     ရရှိခံစားနိုင်စေရန် အတွက်  ဘဏ္ဍာရေးနှစ် အစဖြစ်သော (၁.၄.၂၀၂၂) ရက်နေ့မှ   စတင်ပြီး   နစ်နာကြေး  နှုန်းထား အား  လက်ရှိထက်  သုံးဆ  (အများဆုံး ကျပ် သိန်း ၃၀)  ထိ  တိုး၍     ပေးလျော်မည်ဖြစ်ကြောင်း     သိရ သည်။


သတင်းစဉ်