စက်သုံးဆီများကို အထူးစျေးနှုန်းဖြင့် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

 

ရန်ကုန်  အောက်တိုဘာ  ၁၇


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  စက်သုံးဆီဆိုင်များ တွင် အထူးစျေးနှုန်းဖြင့်  အမှန်တကယ် ဖြန့်ဖြူး ရောင်းချနေခြင်း ရှိ/မရှိကို   တိုင်းဒေသကြီး   သယံ ဇာတရေးရာဝန်ကြီး  ဦးဇော်ဝင်း၊    တိုင်းဒေသကြီး    ရေနံထွက်ပစ္စည်း  ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန       ညွှန်ကြားရေးမှူး ဦးဇော်မော်လင်းနှင့်   တာဝန်ရှိသူ များက အောက်တိုဘာ ၁၅ ရက်က ကြည့်ရှုစစ်ဆေး သည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့်    မြန်မာ  နိုင်ငံ      စက်သုံးဆီ   တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့  ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ  စက်သုံး ဆီများကို သက်သာသော ဈေးနှုန်းဖြင့်    ဝယ်ယူရရှိနိုင် ရန်      မြောက်ဥက္ကလာပမြို့နယ်    သုဓမ္မာလမ်းမပေါ်ရှိ Yangon Petrol (သုဓမ္မာ)စက်သုံးဆီ  အရောင်းဆိုင်၊  ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်  တောင်မြောက်လမ်း ဆုံအနီးရှိ Yangon Patrol ဆိုင်အမှတ်(၃)  တို့တွင် ဆောင်ရွက်ထားရာ အဆိုပါ  ဆိုင်နှစ်ဆိုင်၌   အထူး စျေးနှုန်းဖြင့်   အမှန်တကယ်  ရောင်းချခြင်းရှိ/မရှိကို  စက်သုံးဆီ  လာရောက်ဝယ်ယူသော    မော်တော်ယာဉ် မောင်းသူများအား  မေးမြန်း၍  ဆိုင်များတွင် အထူး စျေးနှုန်းဖြင့် ရောင်းချကြောင်း ဗီနိုင်းများဖြင့်  ပြည်သူ များသိရှိအောင် ကြော်ငြာထားမှုများကို  ဝန်ကြီးနှင့်  တာဝန် ရှိသူများက စစ်ဆေးခြင်းဖြစ်သည်။

 


စက်သုံးဆီဆိုင်   တာဝန်ခံများကလည်း  ယခင် ပုံမှန်စျေးဖြင့် ရောင်းချစဉ်ကထက် ယခုအထူးစျေးနှုန်း ဖြင့် ရောင်းချရာတွင် နှစ်ဆခန့် ပိုမိုရောင်းချရကြောင်း၊ ဆိုင်အဝင်အထွက်များတွင်     ယာဉ်ကြောကျပ်တည်း မှုမရှိစေရေးအတွက် ဝန်ထမ်းများဖြင့်  ယာဉ်ရှင်းလင်း ရေးဆောင်ရွက်နေကြောင်း        ရှင်းလင်းတင်ပြပြီး  ဝန်ကြီးက စက်သုံးဆီဆိုင်များတွင် မီးဘေးအန္တရာယ် ကင်းရှင်းရေး၊ စက်သုံးဆီလာရောက်  ဝယ်ယူသည့်    မော်တော်ယာဉ်များကြောင့်  ယာဉ်ကြောကျပ်တည်းမှု   မဖြစ်စေရေးနှင့်  အခြင်အတွယ်   အရည်အသွေး ပြည့်မီမှန်ကန်မှုရှိစေရေး မှာကြားသည်။

 


အဆိုပါ    စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီ(RON 92)     တစ်လီတာ ၁၁၂၂ ကျပ်၊ ရိုးရိုးဒီဇယ်    တစ်လီတာ ၁၁၁၇ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာ  ၁၁၂၄ ကျပ်  ဈေးနှုန်းများဖြင့်   နံနက် ၆ နာရီမှ  ညနေ ၆ နာရီအထိ ရောင်းချနေသည်။ 

 


စက်သုံးဆီစျေးနှုန်းများ     ယခင်ကာလထက် မြင့်တက်နေခြင်းမှာ   ပြည်ပနိုင်ငံများမှ  တင်သွင်း ရာတွင်     ကမ္ဘာ့ရောင်းစျေးနှုန်းမြင့်တက်နေခြင်း၊ ပြည်တွင်းငွေလဲလှယ်မှုနှုန်းများ   မြင့်တက်ခြင်း၊ ပြည်တွင်းပြည်ပ  ကုန်ပစ္စည်း  သယ်ယူပို့ဆောင်ခ နှုန်းထားများ  မြင့်တက်ခြင်းနှင့်   မသမာသူအချို့က ဒေါ်လာ  စျေးတက်အောင် စျေးကစားနေခြင်းတို့ ကြောင့်ဖြစ်ပြီး  ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ အဖွဲ့ အစည်းများက ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ 

ဆန်းကျော်ဦး(ပြန်/ဆက်)