စက်သုံးဆီများ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် Public Transportation ဖြစ်သည့်  ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ၊ ခရီးဝေးရထားများ ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်

 

 

 

စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းအနေဖြင့် 
အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ရန်လိုသကဲ့သို့  စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရသည့် 
အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်သုံးဆီများသုံးစွဲမှုလျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေ

နေပြည်တော် စက်တင်ဘာ ၂၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။                                        
အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊   ဒုတိယ ဗိုလ်ချုပ်ကြီး  စိုးထွဋ်၊  ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊  ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊    ဦးဝင်းရှိန်၊      ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင် အုန်း၊ ဦးကိုကို၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊     ဦးအောင်သန်းဦး၊     ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက် ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့် တို့  တက်ရောက်ကြသည်။
ဥပဒေအရသာ  ဆောင်ရွက်
ဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဆောင်ရွက်ခဲ့သည်မှာ ၈ လတာ ကာလပြည့်မြောက် တော့မည်ဖြစ်ကြောင်း၊  တာဝန်ယူပြီးချိန်နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများ   မျိုးစုံဖြစ်ပေါ်ခဲ့ကြောင်း၊    မိမိတို့နိုင်ငံအကျပ်အတည်းဖြစ်ပေါ်ခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ဥပဒေအရ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်၏အာဏာ အား   ဆက်လက်ရယူရန်   အဓမ္မနည်းဖြင့်  ဥပဒေမဲ့ ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့သော  အခြေ အနေသို့    ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊   နိုင်ငံ၏ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်းတွင် ဥပဒေအရ  ရင်ဆိုင်ဖြေရှင်း   ဆောင်ရွက်နိုင်သည့် အခြေအနေများရှိခဲ့ကြောင်း၊   မဲမသမာမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အနေဖြင့် ဥပဒေအရ  အရေးယူခံရနိုင်သော်လည်း  ရွေးချယ်ခံကိုယ်စားလှယ်များအနေဖြင့် ကိုယ်စား လှယ်အဖြစ်မှ ပျက်ပြယ်မှုသာရှိကြောင်း၊ အထွေထွေ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အလွန်အရေးကြီးသည့်   လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး  အဆိုပါအချက်အားမျက်ကွယ်ပြု၍   မသင့်တော် သည့်နည်းလမ်းဖြင့်   အနိုင်ရရှိရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင်  ဥပဒေဖြင့်မလျော်  ညီဘဲ ဆောင်ရွက်ခဲ့မှုကြောင့် ဖယ်ရှားခံရသူများက ဥပဒေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ အကြမ်း ဖက်မှုနည်းလမ်းများဖြင့်        ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ်ကို ၎င်းတို့ရွေးချယ် ခြင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီ  နည်းလမ်းနှင့် ဆောင်ရွက်ခြင်းကိုသာ လိုလားကြောင်း၊ တပ်မတော်အနေဖြင့်    ပြည်သူလူထု၏ဆန္ဒကို  လေးစားကြောင်း၊ သို့သော် စည်းကမ်းနှင့်ညီညွတ်ရန် လိုပြီး “လူညီလျှင် ဤကိုကျွဲဖြစ်သည်” ဆိုသော်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိပါက ဆောင်ရွက်၍မရကြောင်း၊   ဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
သင်ခန်းစာယူ၍  ဆောင်ရွက်
အကြမ်းဖက်မှုများ၊      မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊  မိုင်းခွဲတိုက်ခိုက်ခြင်းများသည် ဒီမိုကရေစီစနစ်၏   ဆန့်ကျင်ဘက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို  ကျင့်သုံးလျက်ရှိပြီး   ၎င်းတို့ထံမှ   သင်ခန်းစာယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းကို  လိုလားကြောင်း၊    ကောင်းမွန်သည့်   ဒီမိုကရေစီ အလေ့အထကို    ရစေချင်ကြောင်း၊   လူအများစု၏ ဆန္ဒဆိုပြီး ဥပဒေနှင့်ဆန့်ကျင်ကာ  ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့နှင့် မိမိတို့မွေးထုတ်လိုက်သည့် မျိုးဆက်များတွင် မကောင်းသောအကျင့် မပါသွားရန် လိုကြောင်း။
ပါဝင်ကူညီဆောင်ရွက်နေ
ယခုအခါ CRPH, NUG စသည့်အဖွဲ့အစည်းများ ပြောဆိုဆောင်ရွက်နေသည့်      ကိစ္စရပ်များသည် အကြမ်းဖက်လမ်းစဉ်ကို ဦးတည်ဆောင်ရွက်နေသည် ကို တွေ့ရှိရကြောင်း၊ ထို့အတူ ၎င်းတို့နှင့် ဆက်စပ် ဆောင်ရွက်နေသည့် EAO များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များတွင် တိုက်ရိုက်နည်းလမ်းများ၊ သွယ်ဝိုက် နည်းလမ်းများဖြင့် ပါဝင်ကူညီဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ NUG နှင့်ဆက်စပ်အဖွဲ့များ သည်   ဒီမိုကရေစီနည်းအရ   နိုင်ငံ၏ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းမွန်ရာ ကောင်းမွန်ကြောင်း တိုက်တွန်းပြောဆိုနေမှုများ လုံးဝမရှိဘဲ လူသတ်ခြင်း၊ မိုင်းခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် ရန်သာ   တိုက်တွန်းပြောဆို၍  နိုင်ငံပျက်စီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊    မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့်  ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖည်မသွားဘဲ     ကာကွယ်ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
လွတ်လပ်ခွင့်ပေးပြီးဖြစ်
မိမိတို့နိုင်ငံတွင်   စာရင်းဇယားအရ   လူဦးရေ ၅၅ သန်းခန့်ရှိကြောင်း၊  ရပ်ကွက်အုပ်ချုပ်ရေးမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထိ အဆင့်ဆင့် အုပ်ချုပ်ရေးဆိုင်ရာဌာနများတွင်   နိုင်ငံတော်၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နေသည့် နိုင်ငံ့ဝန်ထမ်းများရှိကြောင်း၊ အဆိုပါအဖွဲ့ များအားလုံးသည် နိုင်ငံတော်၏ လစာကိုရယူနေရ သူများဖြစ်သဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် လိုကြောင်း၊ သတ်မှတ်ထားသည့်  ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန်လုပ်ဆောင် ရန်လိုကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့်      CDM   ပြုလုပ်ပြီး ဥပဒေပြင်ပသို့ရောက်ရှိသွားသည့် နိုင်ငံ့ဝန်ထမ်းများ နှင့်    ပတ်သက်၍   ထိုကဲ့သို့ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်အတွက် စိတ်ရှည်သည်းခံစွာဖြင့် မိမိတို့ ၏ သဘောထားများအား ထုတ်ပြန်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အလားတူ လက်ရှိဥပဒေအတွင်းတာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏စီမံအုပ်ချုပ် မှုအောက်တွင်   မှန်မှန်ကန်ကန်ဖြင့်   နိုင်ငံအပေါ် သစ္စာရှိစွာ   တာဝန်ထမ်းဆောင်ရန်   လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံ့ဝန်ထမ်းများ အားလုံး အား    ဆန္ဒမဲပေးပိုင်ခွင့်ပေးထားပြီး   နိုင်ငံရေးအရ   လွတ်လပ်ခွင့်ပေးပြီးဖြစ်ကြောင်း၊   နိုင်ငံရေးနှင့် ဝန်ထမ်းတာဝန် မရောရန်လိုကြောင်း။
တစ်ဦးချင်းလိုက်နာကြရန်လို
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ဇူလိုင်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ သော်လည်း   ယခုအခါ   ရောဂါဖြစ်ပွားမှုနှုန်းများ ကျဆင်းလာပြီဖြစ်ကြောင်း၊ သို့သော်ကိုရိုနာဗိုင်းရပ်စ် ၏ မျိုးရိုးဗီဇပြောင်းလဲမှုသည် မြန်ဆန်မှုရှိသဖြင့် ပေါ့ဆနေ၍မရဘဲ         အဆိုးဆုံးအခြေအနေအထိ မျှော်တွေး၍ ဆက်လက်ပြင်ဆင်ဆောင်ရွက်ထား  ကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အချို့ မြို့နယ်များအား Stay at Home သတ်မှတ်ထားမှု များအား ဖြေလျှော့ပေးပြီး အချို့လိုအပ်သည့် မြို့နယ် များအား   သတ်မှတ်မှုများ   တိုးမြှင့်ဆောင်ရွက်မှုရှိ ကြောင်း၊ ကူးစက်မှုများအား သိရှိစေရေးအတွက် စစ်ဆေးမှုများအား   စဉ်ဆက်မပြတ်  ဆောင်ရွက် လျက်ရှိပြီး သတ်မှတ်ထားသည့် SOP များကိုလိုက်နာ ၍ နေထိုင်သွားလာ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် ကူးစက်မှု ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက် ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထ လှိုင်း ဖြစ်ပွားလာနိုင်မှုအပေါ်လည်း ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်   ကိုဗစ်နှင့် ပတ်သက်၍ လိုက်နာရမည့် သွားလာမှုစည်းကမ်း များကိုလည်း တစ်ဦးချင်းလိုက်နာကြရန် လိုကြောင်း။ 
အမြဲမပြတ်ဆောင်ရွက်
ကျန်းမာရေး       စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆေးရုံများ၊ ဆေးခန်းများ တွင်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေးနှင့် ပတ်သက် ၍လည်း ဇူလိုင်လအတွင်း အမြင့်ဆုံးအသုံးပြုခဲ့သည့်  ပမာဏထက်ကျော်လွန်အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဆေးရုံများတွင်  ICU ခန်းများပြင်ဆင်ခြင်းနှင့် လိုအပ်သည့်ဆေးပစ္စည်း များအား  ဝယ်ယူစုဆောင်းထားရမည်ဖြစ်ကြောင်း၊ ကုသဆေးနှင့် ကာကွယ်ဆေးများကိုလည်း ပြည်ပမှ ဝယ်ယူနေရခြင်းထက် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့်    အလေးထားဆောင်ရွက်ကြစေလို ကြောင်း၊ တိုင်းရင်းဆေးအနေဖြင့်လည်း ဆေးခါး ကြီးကိုအခြေခံ၍ ကာကွယ်ဆေးနှင့် ကုသဆေးတို့ ထုတ်လုပ်ရေးလုပ်ငန်းများ  တိုးတက်ရေးအတွက် လည်း   အမြဲမပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း။
စနစ်တကျခြိုးခြံသုံးစွဲ
စီးပွားရေးကဏ္ဍနှင့်   ပတ်သက်၍   ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ဇူလိုင်လအထိ ဘတ်ဂျက် ကာလ ၁၀ လအတွင်း ပို့ကုန် ၁၁ ဒသမ ၈၉၂ ဘီလီယံ ရှိပြီး သွင်းကုန် ၁၂ ဒသမ ၂၆၀ ဘီလီယံရှိကြောင်း၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ၂၁ ဒသမ ၁၅၃ ဘီလီယံ ရှိပြီး ကုန်သွယ်မှုလိုငွေ ၃၆၈ သန်းခန့်ရှိကြောင်း၊ ၂၀၁၉ -၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှု ၂၂ ဒသမ ၃၈ ရာခိုင်နှုန်းကျဆင်းသွား ကြောင်း၊   ကုန်သွယ်မှုလိုငွေ    ဖြစ်ပေါ်ရခြင်းမှာ စားအုန်းဆီနှင့် ဘိလပ်မြေများအား ပိုမိုတင်သွင်းခဲ့ ရပြီး ပြည်ပပို့ကုန်များဖြစ်သည့် ငါး၊ ပုစွန်နှင့် ဆန်များ တင်ပို့မှု      လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊  ၂၀၁၇-၂၀၁၈ တွင်  ပြည်ပမှ    စားအုန်းဆီတန်ချိန်  ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင်  တန်ချိန် ၃၇၀၀၀၀ ကျော်၊   ၂၀၁၈-၂၀၁၉ တွင်  တန်ချိန် ၈၅၅၀၀၀ ကျော်၊    ၂၀၁၉-၂၀၂၀ တွင်   တန်ချိန် ၈၈၈၀၀၀ ကျော်၊ ယခုနှစ်တွင် စက်တင်ဘာလ ၁၇ ရက်အထိ တန်ချိန် ၇၉၀၀၀၀ ခန့်အသီးသီးတင်သွင်း ခဲ့ရသည်ကို    တွေ့ရှိရသဖြင့်   မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုနှင့် ပတ်သက်၍ စနစ်တကျခြိုးခြံသုံးစွဲကြ ရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံသာယာဝပြောရေးအတွက်  ဆောင်ရွက်လျက်ရှိရာတွင် တောင်သူများ၊ ကုန်ထုတ် လုပ်သူများအားလုံး စိတ်ချမ်းသာစွာ ထုတ်လုပ်နိုင် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အုပ်ချုပ် ရေးဆိုင်ရာ   အဖွဲ့အစည်းများက   ဘက်ပေါင်းစုံမှ ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးတောင်သူ များအား  ပညာပေးခြင်းများ၊   အားပေးခြင်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊  ထို့အတူ ပြည်တွင်း ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းများမှ    ဘိလပ်မြေ ထုတ်လုပ်မှုများအား    စွမ်းအားပြည့်လည်ပတ်၍ ပြည်ပမှ  ဘိလပ်မြေတင်သွင်းမှုများကို လျှော့ချနိုင် ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
မိမိတို့နိုင်ငံမှ  ထွက်ရှိသည့်  ဆန်များကိုလည်း ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မှသာ နိုင်ငံခြား ဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့နိုင် ရေးအတွက် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန် များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဈေးချင်း တူပါက အရည်အသွေးကောင်းရမည်၊ အရည်အသွေး ချင်းတူပါက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင် ရမည်ဖြစ်ကြောင်း၊ စပါး၊ ပဲ၊ ပြောင်းတို့သည် မိမိတို့ နိုင်ငံ၏ အဓိကပြည်ပပို့ကုန်များဖြစ်ကြောင်း၊ ကုန်ချော အဖြစ်  တင်ပို့နိုင်မည်ဆိုပါက  နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိမည်ဖြစ်ကြောင်း၊    အဓိကအားဖြင့်   ပြည်ပ ပို့ကုန်တိုးမြှင့်ရေးသည် အရေးကြီးကြောင်း။
လောင်စာဆီသုံးစွဲမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ အတွင်း ယခုနှစ် ဩဂုတ်လအထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၆၄၅၀၀၀၀ ကျော် ရှိကြောင်း၊ အဆိုပါယာဉ်များအတွက် စက်သုံးဆီ များအား ပြည်ပနိုင်ငံများမှ  တန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း၊   ထိုသို့သုံးစွဲလျက်ရှိသည့် စက်သုံးဆီများ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက်  Public Transportation ဖြစ်သည့် ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ၊ ခရီးဝေးရထားများ ပြေးဆွဲနိုင်ရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှု များ လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းအနေဖြင့် အသိစိတ်ဓာတ်ရှိရှိဖြင့်   ဆောင်ရွက်ရန်လိုသကဲ့သို့ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရသည့် အစိုးရအဖွဲ့ အစည်းများအနေဖြင့်လည်း စက်သုံးဆီများသုံးစွဲမှု လျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်  ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား အသုံးပြုမောင်းနှင် ရသည့်   ဘတ်စ်ကားများနှင့်    အိမ်သုံးမော်တော် ယာဉ်များ အသုံးပြုနိုင်ရေးအတွက်  ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊      အချို့နိုင်ငံများတွင် လျှပ်စစ်ဓာတ်အားသုံး    မော်တော်ယာဉ်များအား  စတင်သုံးစွဲလျက်ရှိကြောင်း။
နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချ
လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် ပတ်သက် ၍ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနှင့် လေအားသုံး လျှပ်စစ်ထုတ်လုပ်ရေးများ    ဆောင်ရွက်နိုင်သည့် အရင်းအမြစ်များ များစွာရှိကြောင်း၊ အဆိုပါ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များအားအသုံးချ၍  စက်သုံးဆီ သုံးစွဲမှုအား လျှော့ချနိုင်ရေး မဖြစ်မနေဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
နည်းလမ်းပေါင်းစုံဖြင့်  ကြိုးပမ်း
စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာ များသုံးစွဲရပြီး အဆိုပါ   ဓာတ်မြေဩဇာများအား ပြည်ပမှ   တင်သွင်းနေရကြောင်း၊  စိုက်ပျိုးမြေများ အတွက် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်ရေး စက်ရုံမှ  လုံလောက်စွာ   ထုတ်လုပ်နိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည်  စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး    ကျွဲ၊   နွား၊  ကြက် များအား မွေးမြူကြကြောင်း၊ အဆိုပါမွေးမြူရေး လုပ်ငန်းများအား   စနစ်တကျမွေးမြူ၍  ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် သဘာဝဓာတ်မြေဩဇာ များ ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မွေးမြူရေးဆောင်ရွက်သူများ စနစ်တကျ ဖြင့် မွေးမြူစေရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ပေးရန်လိုကြောင်း။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နိုင်ငံရေးအခြေ အနေအား    အခွင့်ကောင်းယူ၍  မူးယစ်ဆေးဝါး ထုတ်လုပ်သူများအနေဖြင့် မူးယစ်ဆေးဝါးများအား နည်းလမ်းပေါင်းစုံဖြင့်     ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ လအထိ     မူးယစ်ဆေးဝါး  ဖမ်းဆီးရမိမှုအနေဖြင့် စုစုပေါင်း ၅၂၈ ကြိမ်ရှိပြီး ဖမ်းဆီးရမိမူးယစ်ဆေးများ အနေဖြင့် WY ဆေးပြားပေါင်း ၁၂၈ သန်း၊ အိုက်စ် ၁၁၁၉၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၄၅၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၂၂၇ ကီလိုဂရမ်၊ ကတ်တမင်း ၅၄၇ ကီလို ဂရမ်၊ ကိုကင်း ၇၄ ကီလိုဂရမ်နှင့် အခြားပစ္စည်း ၁၉၇၈၆၉ ကီလိုဂရမ် စုစုပေါင်း တန်ဖိုးငွေကျပ် ၅၀၆ ဒသမ ၉၇ ဘီလီယံရှိကြောင်း၊ ထို့ကြောင့် မူးယစ် ဆေးဝါး   ထုတ်လုပ်ဖြန့်ဖြူးမှုများကို  ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တပ်မတော်အနေဖြင့် ထိထိရောက် ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးကြရန်လိုကြောင်း၊ ဖမ်းဆီးရမိမှုများသည် မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရှိနေသည်ကို ပြနေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ    ကြီးစိုးသည့်နေရာများ ဖြစ်ကြောင်း။
ဝင်ငွေသည်  အခွန်ငွေများဖြစ်
အခွန်အကောက်ရရှိရေးနှင့် ပတ်သက်၍ တိုင်းပြည် ၏ဝင်ငွေသည် အခွန်ငွေများဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီတာခများ၊        ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ ကောက်ခံ လျက်ရှိသည့် အခွန်အကောက်များ မှန်မှန်ကန်ကန် နှင့်   ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း၊  ပြည်သူများ အနေဖြင့်   အခွန်ထမ်းလိုသည့်စိတ်ရှိပြီး   ပေးသင့် ပေးထိုက်သည့်အခွန်များ ပေးဆောင်လိုသည့် အသိများ ရှိရန်လိုကြောင်း၊ တစ်ဖက်တွင် အခွန်ငွေများ လျှော့ချ ပေးထားသော်လည်း ရသင့်ရထိုက်သည့် အခွန်များ ရရှိစေရေး   စနစ်တကျ  ကောက်ခံရန်လိုကြောင်း၊ အခွန်ငွေများရရှိမှသာ      နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို  ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုတိုးတက်မှသာ  နိုင်ငံတည်ငြိမ် အေးချမ်းမည်ဖြစ်ကြောင်း။
ပိုမိုကြိုးပမ်းဆောင်ရွက်
ပြည်သူများအတွက် ပတ်ဝန်းကျင်ကောင်းများ  ဖန်တီးပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ချုံနွယ်များရှင်းလင်းခြင်း၊  အမှိုက်များအား စနစ်တကျ   စွန့်ပစ်ရန်အတွက် ပြည်သူများအနေဖြင့် အသိစိတ်ရှိရှိဖြင့် ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာ စည်ပင်သာယာ ရေးဌာနများမှလည်း       ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လူတစ်ဦးချင်း၏ Mind Set များ ကောင်းမွန် စေရေးအတွက် သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင် ကောင်းများဖြစ်အောင် ဖန်တီးပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင်   သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများ စည်းကမ်းလိုက်နာမှု ရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် ပြုပြင်ရန်လိုအပ်သည့်  ကဏ္ဍများစွာ ရှိနေသေးသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေ ဖြင့် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြု ချက် ရယူကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆီဝယ်ယူတင်သွင်းမှုပမာဏအရ ပြည်တွင်း ထွက် စားသုံးဆီမပါ အရွယ်ရောက်သူတစ်ဦးအနေဖြင့် တစ်နှစ်ဆီစားသုံးမှုမှာ ၁၀ ပိဿာကျော်ခန့်ရှိသည်ကို  တွက်ချက်မှုများအရ သိရှိရသဖြင့်  တစ်ဦးချင်း ဆီ စားသုံးမှုများကို လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့် လျော်ညီသည့်   ဆီစားသုံးမှုများရှိရန်လိုကြောင်း၊ ပြည်တွင်း၌ ဆီဖူလုံစွာ  ထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှု များကို လျှော့ချနိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံ၏နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဆီ စားသုံးမှု လျှော့ချရေးအတွက်  ပြည်သူများအား အသိပညာပေးသည့် လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရန်လိုကြောင်း။  
မူဝါဒများကို  လိုက်နာ
မြေယာစီမံခန့်ခွဲမှုမူဝါဒနှင့် ပတ်သက်၍ စီမံကိန်း လုပ်ငန်းများတွင် မြေနေရာရယူထားသူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ နှစ်အလိုက်   စိုက်ပျိုးရမည့်   သတ်မှတ်ချက်များရှိ ကြောင်း၊ သို့သော်လည်း စိုက်ပျိုးမြေများကို ခွင့်ပြု ချက်မရှိဘဲ အခြားနည်းလမ်းများဖြင့် တရားမဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရကြောင်း၊ စီမံကိန်း များ ဆောင်ရွက်ရန် မြေနေရာများ ဖော်ဆောင်ရာတွင် မြေနေရာ ရယူထားသူများအနေဖြင့်  မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်မှုမရှိသည်ကို  တွေ့ရ ကြောင်း၊   မြေနေရာ  ရယူထားသူများအနေဖြင့် မြေယာဥပဒေနှင့်    မူဝါဒများကို    လိုက်နာကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများက မှန်မှန်ကန်ကန်ကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်း၊        နိုင်ငံတော်၏ စိုက်ပျိုးမြေဧက     လျော့ကျမှုမရှိစေရန်အတွက် တာဝန်ရှိသူများက မြေယာစီမံခန့်ခွဲမှုများကို စနစ် တကျ ဆောင်ရွက်ကြရန်  လိုအပ်ကြောင်း၊ မြေကို တန်ဖိုးထားပြီး အကျိုးရှိအောင် ထိထိရောက်ရောက် အသုံးပြုရန်လိုအပ်ကြောင်း၊ နိုင်ငံအတွင်းရှိ မော်တော် ကားလမ်းများ၏ လမ်းနယ်နိမိတ်အကျယ်အဝန်းကို  အတိအကျ   သတ်မှတ်ပေးထားကြောင်း၊  လမ်း နယ်နိမိတ်များအတွင်း ကျူးကျော်ဝင်ရောက်မှုများ မဖြစ်စေရန် တာဝန်ရှိသူများက စနစ်တကျကိုင်တွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဦးစားပေးဆောင်ရွက်
တိုင်းရင်းသားဒေသများနှင့် ပတ်သက်၍ ပြည်နယ် များ ဖွံ့ဖြိုးတိုးတက်အောင်   ဦးစားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်အတူ တိုင်းရင်းသားများ၏   ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိ အောင် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထို့အတူ  အခြေခံအဆောက်အအုံများ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  တိုင်းရင်းသားဒေသများ၏  ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ များ   ရုပ်လုံးပေါ်အောင်   ဆောင်ရွက်ပေးနိုင်မှသာ  နိုင်ငံတော်အစိုးရအပေါ် ယုံကြည်မှုရှိလာမည်ဖြစ် ကြောင်း၊ သို့မှသာ တည်ငြိမ်အေးချမ်းပြီး သာယာ ဝပြောသည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။ 
အကျိုးရှိရှိဆောင်ရွက်
မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့် ပြည်နယ် များစုပေါင်းပြီး   ပြည်ထောင်စုနိုင်ငံ   ဖွဲ့စည်းထား ကြောင်း၊ သို့ဖြစ်၍  ပြည်သူအားလုံး သာတူညီမျှ၊ အေးအတူပူအမျှ ရရှိခံစားရမည် ဖြစ်သောကြောင့် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်  ရေ၊ မြေ၊ သဘာဝ သယံဇာတများနှင့် အတတ်ပညာ များရှိသည့်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပါက  ၅ နှစ်အတွင်း အာဆီယံတွင် အလယ်အလတ်အဆင့်သို့  ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပိုမိုကြိုးစားပါက ၁၀  နှစ်အတွင်း အာဆီယံတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ အဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊   သို့ဖြစ်၍  တာဝန် ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ အစိုးရသည် ပြည်သူလူထုအတွက် အရိပ်ဖြစ်သဖြင့် အစိုးရ၏အရိပ်အောက်တွင် ပြည်သူ များ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင် အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့အစိုးရအနေဖြင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းဥပဒေပါ  စီမံကိန်းလုပ်ငန်းများကို အကျိုးရှိရှိ ဆောင်ရွက်သွား ကြစေလိုကြောင်း မှာကြားသည်။
သတင်းစဉ်