
သီပေါ အောက်တိုဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အတွင်းမှ ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချလျက် ရှိသော KYAW SAN စက်သုံးဆီအရောင်းဆိုင် များတွင် အချင်အတွယ်နှင့် ဈေးနှုန်းမှန်ကန် ရေးအတွက် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က အောက်တိုဘာ ၁ ရက်က ကွင်းဆင်းစစ်ဆေးသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စီမံကိန်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ဈေးကွက် စောင့်ကြည့်ကြပ်မတ်စစ်ဆေးရေး အဖွဲ့က ဆီဆိုင်များ၌ ဈေးနှုန်းနှင့် အချင်အတွယ် မှန်ကန်စေရန် သွားရောက်စစ်ဆေးခြင်းဖြစ် သည်။ သီပေါမြို့တွင် ပုံမှန်ဈေးဖြင့် ရောင်းချ လျက်ရှိသော KYAW SAN စက်သုံးဆီအရောင်း ဆိုင်များ၌ ဓာတ်ဆီ (92-RON) တစ်လီတာ လျှင် ၁၁၈၇ ကျပ်နှုန်း၊ ဒီဇယ်ဆီ တစ်လီတာ ၁၁၇၇ ကျပ်နှုန်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၁၁၈၄ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက် ရှိ ကြောင်း အဆိုပါ စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံထံမှ သိရသည်။
ခင်လေး
(ပြန်/ဆက်)