စက်ရုံမှထုတ်လုပ်လျက်ရှိသော သံမဏိ၊ သံချောင်းလုံးများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ကြရမည်ဖြစ်

 

နေပြည်တော်   ဧပြီ   ၂၃


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံသို့ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်    ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်       စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှ ထုတ်လုပ်လျက် ရှိသော သံမဏိ၊    သံချောင်းလုံးများကို  သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ        ထုတ်လုပ်ကြရမည် ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းလာသည့်   သံနှင့် သံချောင်းလုံးများ၏ အရည်အသွေးများကို စစ်ဆေး နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း သံနှင့်သံမဏိ လိုအပ်ချက်များကိုလည်း ဈေးကွက် သုတေသနပြုလုပ်ရမည်ဖြစ်ကြောင်း၊      သံနှင့် သံချောင်းလုံးများ၏ အရည်အသွေးကောင်းမွန်မှသာ သုံးစွဲသူများ ဘေးအန္တရာယ်ဖြစ်ပွားမှု ကင်းဝေးမည် ဖြစ်ကြောင်း၊  ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်း ဖြစ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်နိုင်ရေး  စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


မွန်းလွဲပိုင်းတွင်       ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ      ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိရာ စက်ရုံမှူးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် လုပ်ငန်းအကောင်အထည်ဖော်   ဆောင်ရွက် နိုင်ရေးစီမံဆောင်ရွက်ထားရှိမှု  အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြချက်များနှင့်         စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်   စက်ရုံရှိ   ဝန်ထမ်းအရေ အတွက်၊ စက်တစ်ခုချင်းစီ၏ ထုတ်လုပ်နိုင်မှုစွမ်းအား တို့ကို အခြေခံတွက်ချက်ရန်၊ ဝန်ထမ်းများ၏  စွမ်း ဆောင်ရည်နှင့် စက်စွမ်းအားများကို အကျိုးရှိအောင် အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊   ထုတ်လုပ်မှု တာဝန်ခံမန်နေဂျာများသည်  စက်တစ်ခုချင်းစီ၏ ထုတ်လုပ်နိုင်မှု၊ ဝန်ထမ်းများ၏   စွမ်းဆောင်နိုင်မှု တို့ကို သိရှိအောင် ဆောင်ရွက်ထားရန်၊ BPI ထုတ် ဆေးဝါးများသည် အရည်အသွေးကောင်းမွန်သည့် အတွက် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ထားရန်၊ ထုတ်ကုန်တစ်ခုချင်းစီအလိုက် လိုအပ်သည့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို သတ်မှတ်ရေးဆွဲ ရန်၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊  အမိန့်ညွှန်ကြား ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် နှင့် အဂတိတရားကင်းရှင်းစွာ    ဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။                

သတင်းစဉ်