စက်မှုဝန်ကြီးဌာနရှိ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများ၏  စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

 

နေပြည်တော်   မတ်    ၂၉
စက်မှုဝန်ကြီးဌာနရှိ     အင်ဂျင် နီယာများ၊    နည်းပညာရှင်များ၊ နည်းပညာ   ကျွမ်းကျင်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  အခမ်းအနား ကို   ယနေ့မွန်းလွဲပိုင်းက   စက်မှု ဝန်ကြီးဌာန     ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌    ကျင်းပ သည်။ 
ဦးစွာ    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း      က  ကုန်ထုတ်လုပ်မှု        ကဏ္ဍကို ဦးဆောင်ကြမည့်      အင်ဂျင်နီယာ များအတွက်       အရည်အသွေး၊ စွမ်းဆောင်ရည်နှင့်  ကျွမ်းကျင်မှု များကို မြှင့်တင်ရေးအတွက် သိရှိ လိုက်နာ ဆောင်ရွက်ရမည့်အချက် များ၊    ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဥပဒေအရ  သတ်မှတ် ထားသည့်       အသိအမှတ်ပြု လက်မှတ်များ       ရယူနိုင်ရန် အတွက်  လိုအပ်သောပြင်ဆင်မှု လုပ်ငန်းများ  ဆောင်ရွက်ရာတွင် သိရှိရမည့်အချက်အလက်များကို ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင် နေကြသည့်         အင်ဂျင်နီယာ အရာထမ်းများ သိရှိနိုင်ရန်   ယခု အလုပ်ရုံဆွေးနွေးပွဲကို  ကျင်းပရ ခြင်းဖြစ်ကြောင်း။
လုပ်ငန်းခွင်မှ        ပေးသော သင်ခန်းစာများ၊   အခက်အခဲများ ကို       လေ့လာသင်ယူခြင်းဖြင့် အောင်မြင်အောင်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် တာဝန်ပေး အပ်သည့်    နေရာ၊ ဌာနများတွင် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင်     ထမ်းဆောင်ရ သည့်အတွက် ပညာရပ်၊ ဘာသာရပ် တစ်ခုတည်းကို  တစိုက်မတ်မတ် ဖြင့်  လေ့လာ၍ ကျွမ်းကျင်သူများ ဖြစ်ရန်     အဟန့်အတား    ရှိပါ ကြောင်း။ 
စီးပွားရေးတွက်ခြေကိုက်မှုကို ရှေ့တန်းတင်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း ၌ စက်ရုံများရပ်ဆိုင်းခဲ့သည့်အတွက် ရပ်နားထားသော   နိုင်ငံပိုင်စက်ရုံ များကို   ထိန်းသိမ်းစောင့်ရှောက် ခြင်းလုပ်ငန်းကိုသာ   ဆောင်ရွက် ရ၍  အနာဂတ်မျှော်မှန်းချက်များ မှေးမှိန်ပြီး     စိတ်ပိုင်းဆိုင်ရာ ကျဆင်း၍     အသက်ဝင်သော လုပ်ငန်းခွင်နှင့် ကင်းကွာခဲ့ရသော ကြောင့်      ဝန်ကြီးဌာနတွင်ရှိ သည့်   အင်ဂျင်နီယာများအတွက် စိတ်ပိုင်းဆိုင်ရာ    အားပေးရန်၊ ခိုင်မာသော   မျှော်လင့်ချက်များကို ဖန်တီးပေးရန်နှင့်     ရှိပြီးသား လုပ်ငန်း    အတွေ့အကြုံများကို ပြန်လည်       နှိုးဆွတူးဖော်ပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ဥပဒေ အရ    အသိအမှတ်ပြု   မှတ်ပုံတင် လက်မှတ်ရ     အင်ဂျင်နီယာများ  ဖြစ်ရန်    ပြင်ဆင်ဆောင်ရွက်ရာ၌ သိသင့်သော  အချက်အလက်များ ကို    ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်၍       တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖြန့်ကြက် တာဝန်   ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနရှိ          အင်ဂျင်နီယာ အရာထမ်းများ အနာဂတ်မျှော်လင့် ချက်   တစ်စိတ်တစ်ပိုင်းအတွက် ရလဒ်ကောင်းများ  ရရှိလာမည်ဟု မျှော်လင့်ကြောင်း     ပြောကြား သည်။ 
ထို့နောက်     စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က  လုပ်ငန်း ဆိုင်ရာ    ကျွမ်းကျင်မှုကို   ဖော်ပြ သည့် အစီရင်ခံစာများ   ရေးသား ပြုစုရာတွင်     ပါဝင်သင့်သည့် အချက်များကို    လည်းကောင်း၊ ပြည်ထောင်စု           ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်နှင့်  အမှတ် (၂)    အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်   ညွှန်ကြားရေးမှူးတို့က Professional Development Program (PDP) ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်        လာသူများထဲမှ Professional      Development Program   (PDP)    တက်ရောက် ခဲ့သည့်          အတွေ့အကြုံများကို လည်းကောင်း   ရှင်းလင်းဆွေးနွေး ပြီး     တက်ရောက်လာသူများက သိရှိလိုသည်များကို        မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက   အသေးစိတ် ပြန်လည် ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးက      နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်