
နေပြည်တော် ဩဂုတ် ၁၉
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) နေပြည်တော်အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်၊ ဦးကိုကိုလွင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင် နှင့် တာဝန်ရှိသူများက စက်ရုံများအနက် ပထမ အဆင့် ပြန်လည်လည်ပတ်မည့် စက်ရုံများအတွက် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် နှင့် ပံ့ပိုးပေးရမည့် အခြေအနေ၊ ဓာတ်အားလိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ကြံ့ခိုင်မှုစစ်ဆေး ပေးရမည့် အခြေအနေနှင့် အချိန်ကာလတို့အား ဆွေးနွေးကြသည်။
ဆက်လက်၍ သဘာဝဓာတ်ငွေ့သုံး ဦးစားပေး လည်ပတ်မည့် စက်ရုံများဖြစ်သည့် အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)၊ အမှတ်(၂၁) အကြီးစားစက်ရုံ (သထုံ)၊ အမှတ်(၂၂) အကြီးစား စက်ရုံ (ဘီးလင်း)၊ အမှတ်(၃၁)အကြီးစားစက်ရုံ (သရက်)၊ အမှတ်(
၃၂)အကြီးစား စက်ရုံ (ကြံခင်း)၊ အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာဝတီ)၊ အမှတ်(၁) အထည် စက်ရုံ(ရွှေတောင်)၊ အမှတ်(၂)အထည်စက်ရုံ(ပလိပ်)၊ အမှတ်(၄)အထည် စက်ရုံ (ပွင့်ဖြူ)၊ အမှတ်(၉) အထည်စက်ရုံ (ကျောက် ဆည်)၊ စက္ကူစက်ရုံခွဲ(ပလိပ်)၊ စက္ကူစက်ရုံ (ရေနီ)၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)၊ သတင်းစာစက္ကူ စက်ရုံ (သာပေါင်း)၊ ဆေးဝါးစက်ရုံ (အင်းစိန်)၊ သောက်ရေသန့်စက်ရုံခွဲ (ကျောက်ဆည်) စက်ရုံများ အတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်နှင့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်အခြေအနေများကို ရှင်းလင်း တင်ပြပြီး ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ်ဓာတ်အားများအစား ဇီဝလောင်စာ စွမ်းအင်နှင့် အခြားအပူစွမ်းအင်တို့ဖြင့် အစားထိုး လည်ပတ်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုး ပေးမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က လိုအပ် ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်