
နေပြည်တော် ဩဂုတ် ၁၉
စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ၊ အလုပ်ရုံ များ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ရုံးအမှတ်(၂၇) နေပြည်တော်အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များ နှင့်အညီ ကျင်းပသည်။
တက်ရောက်
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးသန့်စင်၊ ဦးကိုကိုလွင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယ ဝန်ကြီး ဦးကိုကိုလွင်၊ အမှတ်(၁)နှင့်(၂)အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဌေး၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြန်မာ့ ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်းတို့က စက်ရုံများအနက် ပထမ အဆင့် ပြန်လည်လည်ပတ်မည့် စက်ရုံများအတွက် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် နှင့် ပံ့ပိုးပေးရမည့်အခြေအနေ၊ ဓာတ်အားလိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ကြံ့ခိုင်မှုစစ်ဆေးပေး ရမည့်အခြေအနေနှင့် အချိန်ကာလတို့အား အသီးသီး တင်ပြဆွေးနွေးခဲ့သည်။ သဘာဝဓာတ်ငွေ့သုံး ဦးစား ပေးလည်ပတ်မည့် စက်ရုံများမှာ အမှတ်(၁) သံမဏိ စက်ရုံ(မြင်းခြံ)၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)၊ အမှတ်(၂၁) အကြီးစားစက်ရုံ(သထုံ)၊ အမှတ်(၂၂) အကြီးစားစက်ရုံ(ဘီးလင်း)၊ အမှတ်(၃၁)အကြီးစား စက်ရုံ(သရက်)၊ အမှတ်(၃၂)အကြီးစားစက်ရုံ(ကြံခင်း)၊ အမှတ်(၃၄) အကြီးစားစက်ရုံ(သာယာဝတီ)၊ အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)၊ အမှတ်(၂)အထည်စက်ရုံ(ပလိပ်)၊ အမှတ်(၄)အထည်စက်ရုံ (ပွင့်ဖြူ)၊ အမှတ်(၉) အထည်စက်ရုံ (ကျောက်ဆည်)၊ စက္ကူစက်ရုံခွဲ(ပလိပ်)၊ စက္ကူစက်ရုံ(ရေနီ)၊ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)၊ သတင်းစာစက္ကူစက်ရုံ (သာပေါင်း)၊ ဆေးဝါးစက်ရုံ(အင်းစိန်)၊ သောက်ရေ သန့်စက်ရုံခွဲ(ကျောက်ဆည်) စက်ရုံများအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြချက်များအပေါ် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့က စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ်ဓာတ်အားများအစား ဇီဝလောင်စာ စွမ်းအင်နှင့် အခြားအပူစွမ်းအင်တို့ဖြင့် အစားထိုး လည်ပတ်နိုင်ရေးအခြေအနေ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
အစည်းအဝေး ဆွေးနွေးချက်များအပေါ် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးခြင်း၊ စက်ရုံ၊ အလုပ် ရုံများ ပြန်လည်လည်ပတ်ရေးအတွက် အင်တိုက် အားတိုက် ဆွေးနွေးပေးခြင်းနှင့် ပံ့ပိုးဆောင်ရွက် ပေးခြင်းတို့ကို နွေးထွေးပျူငှာစွာ ဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားရာ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်ရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် လျှပ်စစ် ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့တို့ကို မိမိတို့ဘက် မှတတ်နိုင်သရွေ့ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ် ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးများက လိုအပ်ချက် များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်