စက်မှုဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   မေ    ၁၄


စက်မှုဝန်ကြီးဌာန  ဝန်ထမ်းများ နှင့်      ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေ  သွန်းလောင်း ခြင်း အခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင်   မဟာဗောဓိညောင်ပင် တည်ရှိသည့်        ထီးသုံးလက် တောင်ကုန်း၌ ကျင်းပသည်။

 


အခမ်းအနားသို့  သီရိဂန္ဓမာ သပြေအေး   မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းမှ ဆရာတော် သံဃာတော်ငါးပါး   ကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်၊   ဦးဆောင် ညွှန်ကြားရေးမှူးများ၊ အထွေထွေ မန်နေဂျာများ၊   ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက် ကြည်ညိုကြသည်။

 


ဦးစွာ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာ         ဓမ္မရိပ်သာ ကျောင်း ပဓာနနာယက ဆရာတော်  ဘဒ္ဒန္တဂန္ဓမာလာထံမှ ပြည်ထောင်စု ဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ် များက ရှစ်ပါးသီလ ခံယူဆောက် တည်ကြကာ သံဃာတော်အရှင် သူမြတ်များက ပရိတ်တရားတော် များကို ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့် တော်မူကြသည်။

 


ယင်းနောက် ညွှန်ကြားရေးမှူး ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ ဝန်ထမ်းများနှင့်   ဝန်ထမ်း မိသားစုတို့က ဆရာတော် သံဃာ တော်များထံ လှူဖွယ်ဝတ္ထုပစ္စည်း များ       ဆက်ကပ်လှူဒါန်းကြ သည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးအမှူးပြုသော ဧည့်ပရိသတ် များက သီရိဂန္ဓမာ  သပြေအေး မိုးကုတ်ဝိပဿနာ      ဓမ္မရိပ်သာ ကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ     ကဆုန် ညောင်ရေသွန်းလောင်းပွဲ    အနု မောဒနာတရားနာကြား၍ လှူဒါန်း မှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီး၊   ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု တို့က ဗောဓိညောင်ပင်အား ကဆုန် ညောင်ရေ       သွန်းလောင်းကြ သည်။


သတင်းစဉ်